welcome from sawkyawkyaw.blogspot.com
  • Home
  • about IT
  • Virus
  • Gmail
  • G-talk
  • Blogspot
  • Karen song
  • Curlture
  • Thursday, 29 December 2011

    ကွန်ပြူတာမှာ Virus ရှိမရှိ. Task Manger, Folder Options and Registry ကိုပြန်လည်စစ်ဆေးဖြင်း...

            source;http://akarphyoe.mixxt.at
                 ကိုယ့်ကွန်ပြူတာမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါသည်။ Antivirus Software မရှိဘဲ စစ်ဆေးနိုင်တဲ့ နည်းလမ်းများစွားရှိပါသည်။ အရင်ဆုံးစစ်ဆေးကြည့်ရှု စစ်ဆေးကြည့်ရှုမှာကတော့* Tools Menu က Folder Options ပျောက်နေခြင်း* Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ုပြူတာ Restart ကျနေခြင်း* Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager ဖွင့်မရခြင်း* Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း* Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လားခြင်း* Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က ထိပ်ဆုံးရောက်နေ မယ့်အစား Autoplay က ထိပ်ဆုံးရောက်နေခြင်း* Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း OpenWith Box ပဲပေါ်လာခြင်း* Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေခြင်း* My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း (Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)* Task Manager ကိုဖွင့်ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder စတဲ့ Process တွေနဲ့ မသင်္ကာဖွယ်ရာ Process တွေ Run နေခြင်း (Run နေတယ်ဆိုရင် ဘယ် Memory Stick မှမတပ်ပါနှင့်။ Virus ချက်ချင်း ကူးစက်ခံနိုင်ရပါတယ်။ Stick ကို Format ချလည်းအပိုပါပဲ။ ကိုယ်က Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါသည်။)အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပြူတာမှာ သေချာသလောက်နီးပါး Virus or Trojan or spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါသည်။

    blogမှာ copyမရတာကို ရအောင်လုပ်မယ်

                Blog တွေကို ၀င်လိုက်ရင် Right Click Disable ဖြစ်နေတာတို့ စာသားတွေကို Select လုပ်
    လို့မရတာတို့ ကြုံဘူးကျမှာပေါ့ ဓာတ်ပုံတွေကို Download လုပ်ခြင်ပေမဲ့ မရတာတို့ပေါ့ ဒါတွေကို 
    ဖြေရှင်းရမဲ့ နည်းလမ်းက အခက်ကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်ကူးချင်ပြီး ကူးလို့မရတဲ့ Blog ကို
    Browser (Internet Explorer,Firefox,Chrome) မှာ File-Save Page as ကိုနှိပ်ပါပြီးတော့
    Desktop မှာ save ပေါ့။ ပြီးတဲ့ အခါမှာ Desktop ကိုသွားပြီး Download ရလာတဲ့ Blog page လေးကို
    Right click - Open with Microsoft Word ကိုနှိပ်လိုက်ပါ. အေးအေးဆေးဆေး copy လို့ရပါပြီး။
    Font တွေမတူဘူးဆိုရင် အားလုံး Select မှတ်ပြီး Font မှာ zawgyi or myanmar 3 ကိုပြောင်းလိုက်ပေါ့။
    ဒီ Blog က ပုံတွေကိုပါ Save ထားတဲ့ Desktop မှာ Folder လေးတဲ့ ဒီ Blog ရဲ့နာမည်နဲ့ တွေ့ပါမယ်။
    အဲဒီအထဲမှာ Blog ထဲက ပုံတွေရော Script တွေရော အစုံပလုံကို အေးအေးဆေးဆေး ရယူလို့ 
    ရပါတယ်။

    How to disable Autoplay in windows 7

    source; akarphyoe.mixxt.at
    Window 7 တွင် Autorun ဗိုင်းရပ်စ်များ  မ၀င်ရောက်ခင် ကာကွယ်ဖို့အတွက် Autoplay ကိုပိတ်တဲ့နည်းလေးပါ၊

    နည်းလမ်း (၁)

    Start > Control Panel > AutoPlay ကိုဖွင့်ပါ၊


    Start > Control Panel > AutoPlay ကိုဖွင့်ပါ၊
    ပြီးလျှင် Use AutoPlay for all media and devices တွင် အမှတ်ချက်လေးကို ဖြုတ်ပေး၍ Save ကိုနှိပ်ပါ။


    နည်းလမ်း (၂)

    Start > Search box > Gpedit.msc ဟုရိုက်ပြီး Enter ခေါက်ပါ၊
    ပြီးလျှင် Computer Configuration -> Administrative Templates -> Windows Components -> AutoPlay Policies သို့သွားပြီး ညာဘက် အပေါ်က Turn off Autoplay ကို Double click နှိပ်ပါ၊
    အဲဒီမှာ Enabled ကို ရွေးပေးပါ၊ နောက် Turn off Autoplay on ဆိုတဲ့ အောက်က All drives နှင့် CD-Rom and removable media drives တွင် All drives ကိုရွေးပေးပြီး Apply -> OK ကိုနှိပ်ပါ။

    အဆင်ပြေကြပါစေ.........

    ဟက်ကာတွေကို အလွယ်ကူဆုံး ခြေရာခံနည်း

                မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ဝင်ရောက်နေမှု ရှိမရှိ အလွယ်တကူရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို အိုင်တီ ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

    ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲဖြစ်ဖြစ် ဝင်ရောက် နေပြီဆိုရင် စက်ဟာ နှေးကွေးလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။

    ဒီလိုဝင်ထွက်နိုင်ဖို့ ဝင်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။ အများဆုံး အသုံးပြုတာက Transmissinon Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။ ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေ က သုညကနေ 1023 အတွင်းမျာ ရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။

    ဒါကိုဖော်ထုတ်နိုင်ဖို့ ဝင်းဒိုးမှာ အလိုအလျောက် ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကို နှိပ်ပါ။ Run box လေးပေါ်လာပါလိမ့်မယ်။ CMD လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။

    အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat-a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။ စာတန်း အရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။ ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် lP တစ်ခုကို ထွက်နေတာတွေ့ရပါလိမ့်မယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေ အကုန် ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေ ထွက်နေတာ ဖြစ်ပါတယ်။ Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat-an လို့ ရိုက်ထည့်ပြီး ကြည့်ပါ။

    မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက် နေသလားသိချင်ရင် Netstat-bn လို့ Command Prompt မှာရိုက်ထည့်ပြီး သုံးကြည့်ပါ။ အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် lP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေ တစ်ဆင့် ဝင်နေထွက်နေ သလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။


    ............. Source: The Myanmar Times..........

    Monday, 12 December 2011

    Facebook Smiley Codes

    Facebook Smiley Codes လေးတွေပါ.......

    Cool Facebook Smiley Codes for Ultimate Fun :)Cool Facebook Smiley Codes for Ultimate Fun :)
                                                                                                                          အဆင်ပြေ ကြပါစေဗျာ