welcome from sawkyawkyaw.blogspot.com
  • Home
  • about IT
  • Virus
  • Gmail
  • G-talk
  • Blogspot
  • Karen song
  • Curlture
  • Showing posts with label blogspot နည်းပညာ. Show all posts
    Showing posts with label blogspot နည်းပညာ. Show all posts

    Sunday, 15 April 2012

    Blog အဟက်မခံရအောင်ကာကွယ်နည်း

    credited to သံလုံငယ်

    ကျနော် ဒီပို့စ်ကို နာမည်ဘယ်လိုပေးရမှန်းမသိ ဖြစ်နေတာ။ ခေါင်းစဉ်တွေများနေလို့ လေ ။ ဒီလိုဗျာ .. အစ်ကိုတစ်ယောက်ရဲ့ ဘလော့ Hack ခံလိုက်ရတယ်ဗျာ။ password ချိန်းခံလိုက်ရတယ်။ အရင်ကလည်း ကြားဖူးကြမှာပေါ့။ ဘာလို့ အဲလိုလုပ်တာလဲ၊ ဘယ်ကောင်လဲ၊ ယုတ်မာလိုက်တာ ဆိုပြီး ထိုင်ငြီးနေမယ့်အစား ကို့ကို အဲလို လုပ်ရင်ကော ဘယ်လိုလုပ်မလဲလို့ တွေးလိုက်ပါတယ်။ blog တွေ hack ခံရတော့ အဓိက အချိန်ဗျ။ တစ်ခြို့က post တွေ အားလုံးကို microsoft word နဲ့ သိမ်းထားကြတယ်။ အဲ ပြန်တင်ဖို့ save ထားတယ်ပဲ ထားပါတော့ ပို့ ရာကျော်ကို ထိုင်တင်မှာလား။ ပျင်းစရာကြီးဗျာ။ နည်းမယ့်အချိန်မဟုတ်ဘူး။ တော်ရုံလူဆိုရင် ဘလော့ ပြန်ရေးချင်စိတ် မရှိတော့ပါဘူး။ စကားများသွားပြီ ကြိုတင် ကာကွယ်ထားလို့ ရအောင် ပြောတော့မယ်နော်။ ဘလော့ကို hack ရင် gmail account ရဲ့ password ကို ပြောင်းသွားလိုက်ပါတယ်။ တစ်ခြို့ကျတော့ account တစ်ခုလုံးကို delete ပြစ်လိုက်ပါတယ်။

    မိမိ အရင် ဘလော့ရဲ့ Layout – Edit HTML မှာ Download Full Template ကို နှိပ်ပြီး Template ကို Download လုပ်လိုက်ပါ။ Sidebar Widget တွေကိုလည်း ကူးထားလိုက်ပေါ့။ (လူတိုင်းသိပြီးသားပါ)ဒါက Template အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုက ပို့စ်တွေ အတွက်ပါ။ draft.blogger.com ကို ၀င်လိုက်ပါ။ (လက်ရှိ blogger မှာ ၀င်ပြီးသားဆိုရင် နှိပ်လိုက်တာနဲ့ Sign in ၀င်ပြီးသား ဖြစ်ပါလိမ့်မယ်။ draft.blogger မှာ မိမိ ပို့စ်တွေ ဒေါင်းချင်တဲ့ blog ရဲ့ Settings ကို နှိပ်ပါ။ အခုလို Basic နေရာမှာ Import blog – Export blog – Delete blog လို့တွေ့ပါလိမ့်မယ်။ Export blog ကို နှိပ်လိုက်ပါ။

    Image Hosting by Picoodle.com

    Download Blog လို့ ပေါ်လာပါလိမ့်မယ်။ ဒေါင်းထားလိုက်ပါ။
    Image Hosting by Picoodle.com
    ( တစ်ခုပြောချင်တာက file size ကို ကြည့်ထားလိုက်ပါ။ connection မငြိမ်ရင် post အားလုံး မပါလာပဲ ဖြစ်တတ်ပါတယ်။ ကျနော်ဆိုရင် ပထမတစ်ခါ ဒေါင်းတော့ ပို့စ် ၁၈၀ မှာ ၁၀၈ ခုပဲ ကျပါတယ်။ ကွန်မန့်တွေလည်း ပါမလာပါဘူး။ )
    Image Hosting by Picoodle.com
    Download လုပ်ပြီးတာနဲ့ mail account အခြားတစ်ခုနဲ့ blogger မှာ Blog အသစ်တစ်ခု ထပ်လုပ်ပါတယ်။ (သဘောပေါက်မှာပါနော်) Layout – Edit HTML ကနေ အရင်ဆုံးချထားတဲ့ Template ကို upload တင်ပါတယ်။ ပြီးရင် sidebar widget တွေ ထည့်ပါတယ်။ (ဒါလည်း သိပြီးသားနေမှာပါ) ပြီးရင် draft.blogger.com ကို ပြန်ဝင်ပါတယ်။ (အခု အသစ်လုပ်နေတဲ့ ဘလော့ရဲ့ draft Dashboard ကိုသွားရမှာ ဖြစ်ပါတယ်)။ Settings ကို နှိပ်ပြီး Import blog ကို နှိပ်ပါတယ်။
    Image Hosting by Picoodle.com
    အောက်ပါအတိုင်း ခုနက ဒေါင်းထားတဲ့ blog xml ဖိုင်ကို upload ပြန်တင်ပါတယ်။
    Image Hosting by Picoodle.com

    တင်ပြီးပြီ ဆိုရင် အောက်ပါအတိုင်း Edit posts နေရာမှာ အခုလို ပေါ်ပါတယ်။ တကယ်လို့ မိမိရေးထားတဲ့ ပို့စ် အားလုံးပါမလာဘူး၊ ကွန်မန့်တွေလည်း မပါဘူးဆိုရင် blog xml ဒေါင်းက မစုံလိုက်လို့ ဖြစ်ပါတယ်။ နောက်တစ်ခါ ထပ်ဒေါင်းပေးပါ။ (file size ကိုကြည့်ပေါ့။ ကျနော်ဆို ဒုတိယ တစ်ခါဒေါင်းမှ အားလုံးရပါတယ်)
    Image Hosting by Picoodle.com
    ဒါဆိုရင် မိမိဘလော့ရဲ့ ဒီဇိုင်းအားလုံး၊ widgetအားလုံး၊ posts အားလုံးနဲ့ Comments အားလုံးကို နောက်ထပ် mail account တစ်ခုနဲ့ Blog ထပ်လုပ်ပြီး ဖြစ်လို့ clone blog လေးတစ်ခု ရှိနေပါပြီ။ ဘာမှ မကြာလိုက်တဲ့ အချိန်လေးပါပဲ။ နောက်ပြီးရင် URL ဖြစ်ပါတယ်။ ကျနော်ဆိုရင် co.cc ကနေ Domain ယူထားတာ ဖြစ်တဲ့အတွက် အရင် www.thanlonengal.blogspot.com ကို www.thanlonengal.co.cc လုပ်ထားတာပါ။ blogspot ဆိုတဲ့ မူရင်း thanlonengal ပျက်သွားခဲ့ရင်တောင် co.cc ဒိုမိန်းကို နောက်ထပ် clone လုပ်ထားတဲ့ ဘလော့မှာ ပြောင်းသုံးလိုက်ပါမယ်။ ဒါဆိုရင် နောက်ထပ်လုပ်တဲ့ clone က www.thanlonengal.co.cc လင့်နဲ့ပဲ ဖြစ်တဲ့အတွက် Hack ခံလိုက်ရတယ် ဆိုရင်တောင် ခဏလေးနဲ့ မူရင်း url ကို ပြန်ရပါတယ်။ ဆုံးရှုံးမှု မရှိတဲ့အပြင် ဒိုမိန်းလေး ပြောင်းလိုက်ရုံပဲ ဖြစ်တဲ့အတွက် ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ထားရတာလည်း မပင်ပန်းလှပါဘူး။ အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်သူ hack တာလဲ၊ စိတ်ဓါတ်က ဆိုးလိုက်တာ လို့ ထိုင်ငြီးနေမလား ? ။ ကျနော် ပြောခဲ့တဲ့အတိုင်း ကြိုပြင်ထားမလား ?
    ဟိုးအရင်ထဲက ဒီပို့စ်လေးမှာလည်း backup လုပ်နိုင်တဲ့ site တစ်ခုကို ညွှန်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခုနည်းက အရမ်းအဆင်ပြေပါတယ်။ အားလုံး ကျေနပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ဗျာ ……. ။ စိတ်ချမ်းမြေ့ခြင်းကို အချိန်တိုင်း ပိုင်ဆိုင် နိုင်ကြပါစေ။
    မှတ်ချက်။ ။သံလုံငယ်ရေးထားတာပါ

    Tuesday, 10 January 2012

    မိမိဘလော့ပေါ်မှာ စာတန်းပြေးပုံစံများထည့်ချင်ရင်...


    source;    sawmuyuntphaung.blogspot.com
    အှ်ဆံင်းလာဆာ် ကိုဝ်ဟှာဍေ…

    ဘလော့နဲ့ ပတ်သက်တာတွေ မရေးဖြစ်တာကြာပါပြီ။တစ်ချို့ညီအစ်ကိုတွေက တောင်းဆိုလာလို့ ဒီပို့စ်ကို ရေးဖြစ်ရခြင်း ဖြစ်ပါတယ်။ဒီကုဒ်တွေက ဘလော့ရေးတဲ့လူတိုင်းနီးပါး သိပြီးသားတွေဖြစ်မှာပါ။ဒါပေမယ့် ဘလော့ကို စတင်ရေးတဲ့လူများအတွက်သာ ရည်ရွယ်ပါတယ်။နောက်ပြီး လိုက်ရှာရတာ အချိန်ကုန်သက်သာအောင် သိသမျှ စုစည်းပေးလိုက်တာပါ။

    တစ်ချို့က မိမိဘလော့ရဲ့ အပေါ်ဆုံးမှာပဲဖြစ်ဖြစ်၊ဆိုက်ဘားပေါ်မှာပဲဖြစ်ဖြစ်၊ ဘလော့ပို့စ်ရဲ့ အောက်ခြေမှာပဲဖြစ်ဖြစ် ကျေးဇူးတင်စကားတွေ၊ အမှတ်တရစကားတွေ အမြဲတမ်း ကြည့်လို့ရအောင် ဒီကုဒ်ဒင်းတွေနဲ့ အသုံးပြုပြီး စာသားတွေ လှလှပပ ထည့်လို့ရပါပြီ။လင့်ချိန်တဲ့နေရာမှာလည်း သုံးလို့ရပါတယ်။

    ဒီလို လုပ်သောအားဖြင့် လာလည်သူတွေကို အမြင်ဆန်းစေပါတယ်။ ကြည့်ရတာလည်း ခန့်ညားစေပါတယ်။
    ဒီကုဒ်ထည့်ပုံကတော့ ဘလော့ထဲကို sign in ၀င်ပါ။ page element ကို သွားပါ။ အရင်က ပုံစံဆိုရင် layout ပေါ့။ နောက်မှ ဒီဇိုင်းနည်းနည်းပြောင်းထားလို့ အဲ့ဒီနေရာမှာ Design လို့ နာမည်ပြောင်းထားပါတယ်။ အဲ့ဒါကို နှိပ်ပါ။ page element ပေါ်လာမယ်။ ဒီစာမျက်နှာမှာ add a gadget ကို နှိပ်ပါ။ ဘောက်စ် တစ်ခု ပေါ်လာရင် HTML/javascrit ကိုရွေးပါ။

    အောက်မှာ ဖော်ပြထားတဲ့ မိမိစိတ်ကြိုက် ကုဒ်တစ်ခုကို အဲ့ဒီ HTML/javascrit အကွက်မှာ ထည့်ရပါတယ်။
    ပြီးရင် save လိုက်ရုံပါပဲ။ အဲ့ဒီလို save ပြီးလို့ နေရာထားတာ မကြိုက်ဘူး၊ ဒီနေရာမဟုတ်ဘူးဆိုရင် မိမိထားချင်တဲ့ရောမှာ mouse နဲ့ထောက်၊ ဖိနှိပ်ပြီး ပြောင်းရွှေ့လို့ ရပါတယ်။

    အောက်မှာ ပေးထားတဲ့ ကုဒ်တွေကို ဘယ်လို အလုပ်လုပ်တယ်ဆိုတာ.. နည်းနည်း ရှင်းပြပါ့မယ်။

    (၁)အောက်မှာ ပြထားတဲ့ စာတစ်ပိုဒ်ဟာ marquee လို့ခေါ်တဲ့ ဘေးကို ပြေးတဲ့ စာတန်းထိုးနည်းလေးပါ။ ပြေးချင်တဲ့စာကို ဘယ်မှာ ရိုက်ထည့်ရမလဲဆိုရင်…
    <marquee>
    </marquee>  ဒီနှစ်ခုရဲ့ ကြားမှာ ထည့်ရမှာဖြစ်ပါတယ်။

    ဥပမာ…
    <center><marquee>အဲလာဏ်ုလိက် ဍေဏ်ုဆိုဒ်</marquee> </center>

    ဒီလိုကရင်စာနဲ့ ပြထားတဲ့ စာသားကို ထည့်ရမှာဖြစ်ပါတယ်။
    <center>ကတော့ စာသားကို အလည်တည့်တည့်မှာ ပေါ်စေချင်လို့ ထည့်ထားတာဖြစ်ပါတယ်။
    ဒါက ပုံမှန်ပြေးခိုင်းတဲ့နည်းပါ။

    အောက်က အနှေးပုံစံထည့်မယ်ဆိုရင် ..
    <marquee align=”center”direction=”left”scrollamount=”3”>အဲလာဏ်ုလိက် ဍေဏ်ုဆိုဒ်
     </marquee>
    ဒီလို ထည့်ရမှာဖြစ်ပါတယ်။scrollamount=”3” ဒီနေရာမှာ “3”ကို မိမိကြိုက်တဲ့ အနှေး/အမြန် (1.2.3.4.5)စသည့်ဖြင့် ပြောင်းထည့်ပေးပါ။

    (၂)ဒီနည်းကလည်း marquee ပါပဲ။ ဒါပေမယ့် သူက ဘေးပြေးတာကို ပျောက်သွားတာ မဟုတ်ဘဲ ဟိုဘက်ဒီဘက် ဘောင်ခတ်ပြီး ပြန်လာတဲ့ စတိုင်ဖြစ်ပါတယ်။
    <marquee behavior="alternate">အင်းဟှးလင်ဖ၀်...</marquee>

    သူလည်းပဲ အနှေးပုံစံ လုပ်ချင်ရင် …
    <marquee behavior=”alternate”scrollamount=”3”>အင်းဟှးလင်ဖ၀်</marquee>

    လို့ ထည့်ပေးရမှာဖြစ်ပါတယ်။

    (၃)ဒီအောက်မှာ ကုဒ်ကတော့ စာသားတွေ အများကြီး ထည့်ပြီးတော့ box ပုံစံနဲ့ အပေါ်နဲ့ အောက် ပြေးခိုင်းတဲ့ ကုဒ်တွေဖြစ်ပါတယ်။
    <marquee onmouseover="this.stop()" onmouseout="this.start()
    "scrollamount="2" direction="up" width="100%" height="200"
    align="center">
    </marquee>

    စာသားကတော့ </marquee>
    စာလုံးအရှေ့မှာ မိမိထည့်ချင်တဲ့ စာသားကို ရိုက်ထည့်ပါ။

    (၄)အောက်မှာ ကုဒ်ကတော့ စာလုံးကို ဟိုဘက် ဒီဘက်ပြေးတာ မဟုတ်ဘဲ တစ်နေရာတည်းမှာပဲ မှိန်တုတ်မှိန်တုတ် ပြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
    <center><blink></blink> </center>

    စာသား ထည့်ပုံကတော့ ခုနကအတိုင်းမှာပါပဲ…ဒီကုဒ်တွေ အလုပ်လုပ်ပုံကို ကြည့်ချင်ရင် ဒီမှာ Demo သွားကြည့်ပါ။ တကယ်လို့ အဆင်မပြေတာရှိရင် ပြောကြားနိုင်ပါတယ်…။
                                                              ယှူးမုက်လာဆ်ာကိုဝ်ဟှာဍေ…..........

    Sunday, 1 January 2012

    ဘလော့ Sidebar လင့်ခ်တွေရဲ့အရှေ့မှာပေါ်တဲ့ Icons ပုံလေးတွေကို မိမိကြိုက် နှစ်သက်သည့်ပုံထားချင်ရင်...

          source: kp3 family
               ဒါလေးကတော့မိမိရဲ့ဘလော့ Sidebar လင့်ခ်တွေရဲ့အရှေ့မှာပေါ်တဲ့ Icons ပုံလေးတွေကို မိမိကြိုက်
    နှစ်သက်သည့်ပုံထားချင်ရင်ပါ။တချို့ Template မှာတော့ Icons ပုံတွေ Autoရှိပါတယ်၊တချို့ကြတော့
    မပါဘူးပေါ့နော်။Auto ရှိပြီးသား Icons တွေလည်းပြောင်းချင်ရင်အောက်မှာပြောင်းနည်းလေးပါ။


    ၁။ LAYOUT>>>

    ၂။Edit HTML နိုပ်ပါ>>>

    အောက်ကပြထားဒါလေးအတိုင်းစရှာပါ။
    .sidebar ul {
    list-style:none;
    margin:0 0 0;
    padding:0 0 0;
    }
    .sidebar li {
    margin:0;
    padding:0 0 .25em 15px;
    text-indent:-15px;
    line-height:1.5em;
    }
    

    တွေ့ပြီဆိုရင်အောက်ကပေးထားဒါလေးနဲ့အစားထိုးပေးလိုက်ပါ။
    .sidebar ul {
    list-style:none;
    margin:0 0 1.25em;
    padding:0 0px;
    }
    
    .sidebar ul li {
    background:url("ဤနေရာမှာမိမိရဲ့Icon or  image လင့်ခ်ထည့်ပါ") no-repeat 2px .25em;
    margin:0;
    padding:0 0 3px 16px;
    margin-bottom:3px;
    border-bottom:1px dotted $bordercolor;
    line-height:1.4em;
    }
    

    ၃။Save Template ကိုနိုပ်ပါ။ပြီးပါပြီ။။။

    မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေခြင်ပါတယ်၊
    ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု

    Blog Sign in အကောင့် ဟောင်း မှ အကောင့် သစ် သို့ ပြောင်း နည်း

             source:  kp3 family
            အခုကျနော်တင်မည့် Post လေးကတော့ထူးထူးခြားခြားလေးပါ၊ဘလော့ဂါညီးလေးတစ်
    ယောက်ကCbox မှာတောင်းဆိုထားတာလေးပါ။မိမိရဲ့ဘလော့ထဲကိုဝင်တဲ့Email Account
    ပြောင်းနည်းလေးပါ၊ဘယ်လိုပြောင်းဒါလဲဆိုရင်ဘလော့SETTINGS ထဲမှာဝင်ပြီးရင်ပေါ်လာ
    တဲ့PERMISSIONSဆိုတာလေးအသုံးဝင်ပုံဆိုလည်းပြောလို့ရပါတယ်။အောက်မှာတွေ့ရတဲ့
    ပုံအတိုင်းပေါ့နော်၊ဟုတ်ပြီနော်စကြရအောင်နော်



    ၁။ဘလောထဲစဝင်မယ်Settings >>- Permissionsကိုသွားမယ်၊

    ၂။အပေါ်ပုံအတိုင်းADD AUTHORS ကိုထပ်နိုပ်မယ်.Invite more people to write to your blog
    ဆိုပြီးစာကြောင်းလေးအောက်မှာ Invite လုပ်မည့်အီးမေးလ်စာရေးရန်အတွက်အကွက်လေးတွေ့ရပါ
    လိမ့်မည်။

    ၃။မိမိသုံးချင်သည့်ဘလော့ဂါ Login Email အသစ်လိပ်စာကိုထည့်လိုက်ပြီး Invite Button လေးနိုပ်
    လိုက်ပါ။

    ၄။မိမိရဲ့အီးမေးလ်အသစ်ကိုပြန်ဝင်ပါ Invite ရရှိကြောင်းဆိုသည့်စာလေးတွေ့ရပါလိမ့်မည်၊ဘယ်ဘလော့ 
    ကနေပေါ့နော်-ဥပမာ-The Blogger user he/she has invited you to contribute to the blog:
    ဒီစာကြောင်းလေးရဲ့အောက်မှာ Invite ဘလော့ဂါလင့်ခ်လေးပေးထားပါတယ်၊နိုပ်လိုက်ပါမိမိရဲ့ Invite-ID
    ပေါ့နော်(password),မိမိအီးမေးလ်အသစ်ရဲ့ Password ကိုတောင်းပါလိမ့်မည်။

    ၅။မိမိအီးမေးလ်အသစ်ရဲ့ Password ထည့်ပြီးရင်အောက်ကAccept Invitation ဆိုတဲ့Buttonလေးတွေ့
    ရလိမ့်မည်၊နိုပ်လိုက်ပါ။Blogger Dashboard လေးပေါ်လာပါလိမ့်မည်။ပထမအဆင့်ပြီးပြီလို့ပြောလို့ရပါ
    တယ်။ဒါပေမယ့်ဒီပထမအဆင့်က Invite ဘဲဆိုတော့ Dashboard မှာဒီ(၃)ခုဘဲပေါ်ပါလိမ့်မည်.,,,,,,,,,,,,,,
    New Post>– Edit Posts> – Settings အဲဒါလေးကိုမူရင်:လိုဖြစ်အောင်(admin)နောက်တစ်ခု Invite ထပ်
    လုပ်ပေးပါ။ဥပမာအောက်မှာပြထားပါတယ်၊
    **
    ပထမမူရင်း- kp3 kp3family@gmail.com admin ပေါ့နော်
    ***
    ဒါကတော့ Invite လုပ်တဲ့ဟာလေး kp3g kp3group@gmail.com

    ၆။နောက်တစ်ခု Invite ထပ်လုပ်ပေးပြီးသွားရင်အောက်ကအတိုင်းဖြစ်ပါလိမ့်မည်။လုပ်ရင်အရမ်းလွယ်ကူ
    ပါတယ်စာနှင့်ရေလို့ရှည်တာပါ။
    **
    ပထမမူရင်း- kp3 kp3family@gmail.com admin

    ပထမInviteကဒီလိုပြောင်းသွားတယ် kp3g kp3group@gmail.com author -Grant admin privileges
    ***
    ဒုတိယInviteကဥပမာ- kp3n kp3net@gmail.com ဒီလိုပြန်ပေါ်တာပေါ့နော်

    ၇။ author -Grant admin privileges ကိုနိုပ်လိုက်ရင် Grant admin privileges>>>>>Cancelဆိုပြီးတက်လာ
    လိမ့်မည်၊ Grant admin privileges နိုပ်လိုက်ပါ။နိုပ်ပြီးသွားရင်အောက်ကအတိုင်းပေါ်လာလိမ့်မည်။

    kp3 kp3family@gmail.com admin -Revoke admin privileges----------------remove

    kp3g kp3group@gmail.com admin -Revoke admin privileges----------------remove

    မူရင်းနှင့်မိမိ Invite လုပ်ထားတာနှစ်ခုစလုံးတူသွားပါပြီ။

    ၈။မိမိရဲအဟောင်းကို Remove လုပ်လိုက်လို့ရပါပြီ၊မိမိရဲ့ဘလော့Accountအသစ်နှင့်ပြန်ကြည့်ရင်နံပါတ်
    (၅)အတိုင်းမဟုတ်တော့ဘဲထုံးစံတိုင်းဘလော့Dashboard မှာမူးရင်အဖြစ်ပြောင်းလဲသွားပါပြီး၊

    New Post>>– Edit Posts>> – Settings >>>– Layout>> – Monetize

    မိမိရဲ့ဘလော့ဝင်တဲ့ Account အဟောင်းလည်းသုံးချင်ရင်လည်းရတယ်၊မသုံးတော့ဘူးဆိုရင် Remove
    လုပ်လိုက်ပေါ့နော်။

    အဆင်မပြေရင်အကြောင်းကြားပေးပါလို.မေတ္တာရပ်ခံပါတယ်။


    မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေခြင်ပါတယ်၊
    ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု

    blogspot အတွက် Template change နည်း

        source:akarphyoe87.blogspot.com
        ပထမဆုံး ကိုယ်လိုချင်တဲ့ Template ကိုဒေါင်း။ ဒေါင်းတဲ့ အခါ Blogspot အတွက် Template ဖြစ်ဖို့လိုတယ်။ အဲဒီထဲမှာ XML File တစ်ခုပါလိမ့်မယ်။ ပြီးရင် ကိုယ်ပိုင် Template ကိုယ် Backup လုပ်။ အမှားအယွင်းရှိရင် စိတ်ချရအောင်လို့ပါ။ နောက် XML file ကို Upload လုပ်ရမယ်။ ပြီးရင် View Blog ဆိုပြီးကြည့်ရပြီ။

    blogspot ထဲမှာပါ.. Edit Html ကို နှိပ်လိုက်ရင် အဲဒီ ကုတ်တွေထည့်ရမယ့် နေရာရဲ့ ညာအပေါ်ကပ်လျက်မှာ tag တစ်ခု   back up/restore   လို့ ရေး ထားတဲ့Browse လေး တွေ့ပါလိမ့် မယ်. အဲဒီမှာ နှိပ်လိုက်ရင် template အဟောင်း ကို download လုပ်ဖို့ နဲ့  ကိုယ့် ရဲ့templateအသစ် ကို upload လုပ် ဖို့Browseလေး ပါရှိ တာကိုတွေ့ ရမယ်။  template အဟောင်း  ကို အရင် download  ဆွဲ ပြီး save လိုက် ပါ။ ပြီးမှ  ကိုယ်ပြောင်းချင်တဲ့ Template အသစ်ရဲ့ XML File ကို ထည့်ပြီး Upload လုပ်ပြီး Save မှတ်လိုက်ရင် ရပါပြီ...
                        အဆင်ပြေကြပါစေ.........

    Thursday, 29 December 2011

    blogမှာ copyမရတာကို ရအောင်လုပ်မယ်

                Blog တွေကို ၀င်လိုက်ရင် Right Click Disable ဖြစ်နေတာတို့ စာသားတွေကို Select လုပ်
    လို့မရတာတို့ ကြုံဘူးကျမှာပေါ့ ဓာတ်ပုံတွေကို Download လုပ်ခြင်ပေမဲ့ မရတာတို့ပေါ့ ဒါတွေကို 
    ဖြေရှင်းရမဲ့ နည်းလမ်းက အခက်ကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်ကူးချင်ပြီး ကူးလို့မရတဲ့ Blog ကို
    Browser (Internet Explorer,Firefox,Chrome) မှာ File-Save Page as ကိုနှိပ်ပါပြီးတော့
    Desktop မှာ save ပေါ့။ ပြီးတဲ့ အခါမှာ Desktop ကိုသွားပြီး Download ရလာတဲ့ Blog page လေးကို
    Right click - Open with Microsoft Word ကိုနှိပ်လိုက်ပါ. အေးအေးဆေးဆေး copy လို့ရပါပြီး။
    Font တွေမတူဘူးဆိုရင် အားလုံး Select မှတ်ပြီး Font မှာ zawgyi or myanmar 3 ကိုပြောင်းလိုက်ပေါ့။
    ဒီ Blog က ပုံတွေကိုပါ Save ထားတဲ့ Desktop မှာ Folder လေးတဲ့ ဒီ Blog ရဲ့နာမည်နဲ့ တွေ့ပါမယ်။
    အဲဒီအထဲမှာ Blog ထဲက ပုံတွေရော Script တွေရော အစုံပလုံကို အေးအေးဆေးဆေး ရယူလို့ 
    ရပါတယ်။

    Monday, 12 December 2011

    ကိုယ့် Blog မှာ Pdf file တွေကို ပြမယ်ဆိုရင်

     source;   အာကာဖြိုး 

    blog မှာ Pdf file တွေကို ပြချင်တယ် ဆိုရင်      http://www.scribd.com            မှာ အကောင့်တခု ဖွင့် ရပါမယ်...   အဲဒီ့ကို ရောက်ရင်အရင်ဆုံး Register လုပ်လိုက်ပါ .. ကိုယ့် account နဲ့ဆိုတော့ ပိုကောင်းတာပေါ့  ..အဲဒီ့ site ကို Log in ၀င်ပြီးမှ တင်ချင် တဲ့ ဖိုင် တွေ တင် ပြီးမှလုပ်လို့ ရပါမယ် ... Log in ၀င်ဖို့အတွက် account မဖောက်ချင်တော့ဘူးဆိုရင်တော့ ကျွန်တော် ဖောက်ပေးထားလိုက်ပါတယ်.. အဲဒီ့ account နဲ့ပဲ ၀င်ပြီးတော့ download ချလိုက်ပါခင်ဗျာ.. အဲဒီ့ account ကတော့

    username ::: mglhulin.guest@gmail.com
    password ::: mglhulin.blogspot.com

    account နဲ့ ပတ်သတ်လို့ အဲဒီ့ site ထဲမှာ မိမိ လိုသလို အသုံးချလို့ရပါတယ် .. အဲဒီ့ site ထဲမှာ စာအုပ်တော်တော် များများလည်း ရှိပါတယ် ..
    ပြီးရင်တော့ အပေါ်က upload ဆိုတာကလေးကို နှိပ်လိုက်ပါ ...


    Click ! Image to zoom!
    upload တင်ဖို့ နှိပ်လိုက်တဲ့ အချိန်မှာ ကိုယ်တင်မဲ့ စာအုပ်ကို ရွေးခိုင်းပါ့မယ် .. ရွေးပေးပြီးပြီဆိုရင် တော့ သူဘာသာသူ upload တင်ပြီးတော့ အောက်မှာ သူ့ရဲ့ link ကလေးနဲ့ပြပါ့မယ် .. အဲဒီ့မှာ ကိုယ့် စာအုပ်ရဲ့ ခေါင်းစဉ်ကလေးကို နှိပ်လိုက်ပါ ... အောက်ကပုံကလေးကို ကြည့်ကြည့်လိုက်ပါ ...

    Click ! Image to zoom!
    နှိပ်လိုက်ရင် အဲဒီ့ စာအုပ်ကိုဖတ်လို့ရတဲ့ အနေအထားနဲ့ စာအုပ်ပုံစံပေါ်လာပါပြီ .. ပြီးရင်တော့



    Click ! Image to zoom!
     
    အဲဒီ့လိုပေါ်လာပြီဆိုရင်တော့ အပေါ်က twitter နဲ့ Facebook logo ပါတဲ့ buttom ကလေးကို နှိပ်ပေးလိုက်ပါ .
    နှိပ်ပေးပြီးသွားပြီဆိုရင်တော့ အောက်မှာ Embed this document ဆိုတာရဲ့ အောက်က Standard html က Code ကလေးကို ယူပြီးတော့ ကိုယ် ထည့်ချင်တဲ့ blog post ထဲမှာ ထည့်လိုက်ရင် စာအုပ်ပုံစံပေါ်သွားပါပြီ ... ပုံကလေးတွေနဲ့ပြထားလို့ အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာ..
    နောက်ထပ် အဲဒီ့လိုမျိုး site ကတော့
    http://www.docstoc.com အဲဒီ့နေရာကလေးမှာပါ လုပ်လို့ရပါတယ် ..
    အဆင်ပြေပါစေလို့ ဆုတောင်းလျက် .....
    download this page as pdf

    ဘလော့ဆိုဒ်မှာ ကာဆာ ထည့်မယ်

       source;အာကာဖြိုး
    • Edit HTML ကိုနှိပ်ပါ
    •   template backup လုပ်ပါ မမေ့ပါနဲ့
    • </head> ဒါလေးကို ရှာပါ.  </head>အောက်ကကုဒ်လေးကိုထည့်ပေးပါ
        pointer လင့်တွေကိုတော့ မိမိနှစ်သက်ရာကိုရှာထည့်လို့ရပါတယ် ဒီ အတိုင်းယူထည့်လဲရပါတယ်

    <style type='text/css'>body, a, a:hover {cursor: url(http://safir85.ucoz.com/bdlab-blogspot/COOL_GREEN_POINTER.cur), progress;}</style>

    • ပြီးရင် save  လိုက်ပါ ..
    စိတ်တိုင်းကျတဲ့ ဘလော့ဆိုဒ်တစ်ခုဖြစ်လာပါစေဗျာ.........


    download this page as pdf

    ဘလော့မှာ home ,older post,new post နေရာတွေကို နှစ်သက်ရာပုံတွေနဲ့ အစားထည့်မယ်

    source; အာကာဖြိုး

    imag navigation links Replace Home and Posts Links by images in Blogger


    ဒီလို ပုံလေးတွေလိုထည့်ဖို့
    1. Layout->Edit Html ကို သွားပါ
    2 template ကို backup လုပ်ပါ
    3.  Expand Widget Templates မှာ အမှန်ခြစ်လေးလုပ်ပါ
    Older Posts
    အောက်က code ကိုရှာပါ


    <data:olderPageTitle/> (For Older Posts)
    ဒီလိုလေးမြင်ရပါမယ်
    <a class=’blog-pager-older-link’ expr:href=’data:olderPageUrl’ expr:id=’data:widget.instanceId + &quot;_blog-pager-older-link&quot;’ expr:title=’data:olderPageTitle’><data:olderPageTitle/></a>
    အောက်ကကုဒ်ကို အဲနေရာမှာ ထည့်ပါ
    <img src=’http://bloggertipspro.googlepages.com/older-posts.png’ style=’border:none; background:#FFFFFF;’/>
    Newer Posts
    ဒီ code ကိုရှာပါ
    <data:newerPageTitle/> (For Newer Posts)
    အောက်ကကုဒ်ကို အစားထည့်ပါ
    <img src=’http://bloggertipspro.googlepages.com/newer-posts.png’ style=’border:none; background:#FFFFFF;’/>
    Home Page
    ဒီကုဒ်လေးရှာပါ
    <data:homeMsg/> (For Home Page)
    အောက်ကကုဒ်အစားထည့်ပါ
    <img src=’http://bloggertipspro.googlepages.com/home.png’ style=’border:none; background:#FFFFFF;’/>
     http://bloggertipspro.googlepages.com/home.png ဒီစာနေရာမှာ သင်နှစ်သက်ရာ ပုံလင့်ကို အစားထိုးနိုင်ပါတယ်
    4. Save the Template ကိုနှိပ်ပါ
    အဆင်ပြေကြပါစေ

    download this page as pdf

    Tuesday, 22 November 2011

    Post ရဲ့ အောက်က (you might also like) ပုံလေးတွေ ထည့်ချင်ရင်

    source; အာကာဖြိုး

    Click ! Image to zoom!
    ဒီနည်းကလေးကို သိနေတာ တော့ ကြာပါပီ .. ဒါပေမယ့်လည်း မပြောဖြစ်တာနဲ့ .. ကြာနေတာ ဖြစ်သွားပါတယ် .. Blog က ပိုစ့်တွေ ရဲ့အောက်ကနေပြီးတော့ ပုံကလေးတွေ နဲ့ ပြထားတာ တာ မြင်ဖူး ကြမှာပါ .. လုပ်တာကတော့ မခက်ပါဘူး .. ဒါပေမယ့် မလုပ်တတ်သေးရင်တော့ ဘယ်ကနေပြီးတော့ ဘယ် လို လုပ်ရမယ်မသိဘူးပေါ့ ... java script ထည့်ရမှာလား ... Css နဲ့ ပဲ ပုံဖော်ရမှာလား ..... အဲလို ဖြစ်နေပါလိမ့်မယ် .. တကယ်တမ်းလုပ်မယ်ဆိုရင်တော့ လည်း သူပေးတဲ့ ဆိုဒ်ကလေးမှာ သွားပြီးတော့ လုပ် လိုက် ရုံပဲ ... ပြီးရင် အဲဒီ့ ဆိုဒ် ကနေ ပြီးတော့ blog ထဲကိုဘယ်လို ထည့်မလဲ ဆိုတဲ့ ပုံကလေးပြတာကို လိုက်ပြီးတော့ထည့်လိုက်ရုံပါပဲ ... ကျွန်တော်တို့လို software မျှဝေသူများ အတွက် ဆိုရင်လည်း ဘာ soft ဆိုတာကို လာဖတ်တဲ့ သူတွေ အနေနဲ့ ပုံကလေးတွေ ကြည့်ရုံနဲ့ အဲဒီ့ soft ကလေးတွေ ကို စိတ်ဝင်စား စေတာပေါ့ ..... အဆင်လည်းပြေပါတယ် ... ဘယ်လိုကနေပြီးတော့ စလုပ်မလဲ ...


    ပထမဆုံး www.Linkwithin.com ဆိုတဲ့ ဆိုဒ်က လေး ကို သွားလိုက်ပါ ...
    အဲဒီ့ကိုရောက်ပြီဆိုရင်တော့ ပထမဆုံး Email address ကို ဖြည့်ပေးလိုက်ပါ...
    ပြီးရင်တော့ blog ရဲ့ လိပ်စာကိုထည့်ပေးပါ ....
    Plagform ဆိုတာမှတော့ ကိုယ်က Blogger နဲ့ရေးတာလား wordpress နဲ့ရေးတာလား ... အဲဒီ့မှာ Blog နဲ့ရေးတာဆိုတော့ ... Blogger ဆိုတာကလေးကိုရွေးပေးလိုက်ပါ ....
    Width ဆိုတာမှာကကျတော့ ... ကိုယ်က ကိုယ့် blog ရဲ့ content width နဲ့ ညှိပြီးတော့ ပုံတွေကို ထည့်ရပါမယ်.... ၃ ပုံလား ၄ ပုံလား ၅ ပုံလား ... အဲဒါကလေးကိုရွေးပေးရပါမယ် ... ကိုယ့် blog ရဲ့ post ရေးတဲ့ width ကိုကြည့်ပြီးတော့ ဘယ်နှပုံလောက်ဖြင့် ဆန့်မယ် ပေါ့ ... ရွေးပေးလိုက်ပါ ...
    ပြီးရင်တော့ အောက်က Get widget ဆိုတဲ့ buttom ကြီးကိုနှိပ်လိုက်ပါမယ်...
    နှိပ်ပြီးသွားပြီဆိုရင်တော့ နောက်စာမျက်နှာတစ်ခုပေါ်လာပါ့မယ် ...

    Click ! Image to zoom!

    အဲဒီ့မှာ Install Widget ဆိုတာကလေးကိုနှိပ်လိုက်ပါ ...
    နှိပ်လိုက်ရင်တော့ နောက်စာမျက်နာတစ်ခုကိုရောက်သွားပါဦးမယ် ..
    အဲဒီ့မှာမှ add widget ဆိုတာကို နှိပ်လိုက်ပါဦး ...
    နှိပ်လိုက်ရင် blog ရဲ့ layout တွေ ပြောင်းတဲ့နေရာကိုရောက်သွားပါ့မယ် ..
    အဲဒီ့မှာ link within ဆိုတာကလေးကို Blog posts ဆိုတာရဲ့ အောက်ကိုရွှေ့ပေးလိုက်ပါ ..
    ပြီးရင်တော့ save ပေးပြီးတော့ ကိုယ့်ရဲ့ blog ကိုကြည့်လိုက်ပါ ...
    ဒါဆိုရင် blog post ရဲ့ အောက်တွေ မှာ ပုံကလေးတွေ နဲ့ ခေါင်းစဉ်ကလေးတွေ နဲ့ ဖော်ပြပေးနေပါလိမ့်မယ် ...
    အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...


    ဘလော့မှာ lables တွေကို ဘယ်လို ဖျက်မလဲ

    source:  အာကာ ဖြိုး
    Dashboard>POST > EDIT POST
    ဘယ်ဖက်မှာ လေဘယ် လေးတွေမှာ ကိုယ်ဖျက်လိုတဲ့ လေဘယ်ကို ဖွင့်ပြီး ပို့တွေကို select လုပ်ထားလိုက်ပါ နောက် ကိုယ်မဖျက်ချင်တဲ့ ပို့တွေကို
    LABEL ACTION drop-down box မှာ နှိပ်ချပြီး  action lables များမှ တစ်ခုခုစီကို ရွေးလိုက်ပါ ကိုယ် select လုပ်ထားတာတွေ ရောက်သွားပါမယ် ဖျက်မယ်ဆိုရင်လဲ REMOVE LABELS များထဲမှ သင်ဖျက်လိုတာကိုရွေးပေးလိုက်ရင်ရပါပြီ လေဘယ်သက်သက်ဖျက်ချင်ရင် ပို့စ်တွေကို တစ်ခုခု စီရွေ့ထားလိုက်ပေါ့....

    Using lable action to remove label
     အဆင်ပြေပါစေဗျာ 

    Saturday, 19 November 2011

    Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း

    source: ကို လင်းထက် 




    မိတ်ဆွေဟာ ဘလော့ရေးနေသူ တစ်ယောက် ဆိုကြပါစို့ တစ်နေ့ ကိုယ့်ဘလော့လေး ကိုဝင်လိုက်တဲ့ အချိန်မှာ အဲလို အနီရောင် ဆိုင်းဘုတ်ကြီးနဲ့ Reported Attack Page ဆိုပြီး သတိပေးစာကြီး ပေါ်လာရင် ဘယ်လိုများ ခံစားရမလဲ...

    ဟုတ်ကဲ့ ခံစားရသူတွေ ခံစားပြီးကုန်ပါပြီဗျာ သေပြီပေါ့ ဧည့်သည်တွေ လာရင် ကိုယ့်ဘလော့ကပဲ ဧည့်သည်တွေကို ဗိုင်းရပ်စ် တွေ လွှတ်နေသလိုလို ဝင်ဖတ်ရင်ပဲ ကွန်ပြူတာကြီး ပျက်သွားတော့ မလိုလို ဆိုတော့ အကုန် ပြန်ပြေးကြပြီပေါ့...

    ဟို တစ်နေ့က မိတ်ဆွေ တစ်ယောက်ရဲ့ ဘလော့ အဲလို ဖြစ်သွားပါတယ် ကျွန်တော့်ကို အကူအညီ တောင်းတာနဲ့ ဟိုလိုက်ဖတ် ဒီလိုက်ဖတ် နဲ့ လုပ်သင့်တာ လုပ်ပေးလိုက်တာ ဟော ဒီည လုပ်လိုက်တယ် မနက်ကျတော့ အဲဒီ ဆိုင်းဘုတ်ကြီး ပျောက်သွားပါလေရောဗျာ....

    ဖြစ်တာက ဒီလိုပါ ဂူဂယ်က ဝဘ်ဆိုဒ်တွေကို သူတို့ လိုက်ပြီး စစ်ပါတယ် အဲဒီမှာ တစ်ချို့ ဆိုဒ်တွေက လင့်သေ နေတာတွေကို သူတို့ ဆိုဒ်မှာ ချိတ်ထားခြင်း embed နဲ့ သုံးရတဲ့ ဗွီဒီယို လင့်တွေ PDF ဖိုင်တွေ သီချင်း ဖိုင်တွေ များပြားစွာ သုံးထားပြီး လင့်များ သေနေခြင်း နောက် Js ဖိုင်များ Script များ လင့်တွေ သေနေခြင်း အစရှိသဖြင့်ပေါ့ဗျာ တွေ့ရင် သူတို့က ကိုးပတ် တိတိ ကြည့်ပါတယ် နောက်ပြီးရင်တော့ ခုနက ပြောသလို Black list ထဲ့ ထည့်လိုက်ပြီး အဲဒီ အနီရောင် သတိပေးစာကြီးက ပေါ်လာပါတော့တယ်..

    ကဲ ဒီတော့ အဲဒါကို ဘယ်လို ပြန်ဖြေရှင်းမလဲ ဂူဂယ်က White listed ထဲ ပြန်ထည့်ပေးအောင် ဘယ်လို လုပ်ရမလဲ ???? ဘလော့ဂါ ညီကို မောင်နှမတွေ အတွက် ဝေမျှ ပေးပါရစေ..။ 

    ကိုယ်မဖြစ်ဘူး လို့တော့ မတွက်ပါနဲ့ ခြိမ်းခြောက်တာ မဟုတ်ပါဘူး ကျွန်တော် သူများ ဘလော့လင့်တွေ ထည့်ပြီး လိုက်စမ်းပြီးပါပြီ နာမည်ကြီး ဘလော့ တစ်ချို့ အပါ အဝင် အတော်များများ black list ထဲ မဝင်သေးပေမယ့် Malware လို့ ခေါ်တဲ့ လင့်အသေတွေ ချိတ်ထားတာ အများကြီး တွေ့နေပါတယ်..

    ကဲ ဖြစ်လာခဲ့ရင် လတ်တလော ဖြစ်နေခဲ့ရင် အောက်က အဆင့်လေးများ အတိုင်း လိုက်လုပ်လိုက်ပါ..။

    ၁/ဟောဒီလင့်ကို http://sitecheck.sucuri.net/scanner/ သွားပြီး ကိုယ့်ဘလော့ လိပ်စာ (http://www များ ထည့်ရန်မလိုပါ) ထည့်ပြီး Verify လုပ်လိုက်ပါ။ ခဏလေး စက္ကန့်ပိုင်းလောက် စောင့်ပြီးရင် အောက်ကလို ပေါ်လာပါလိမ့်မယ်.. မိမိဆိုဒ်၏ ကျန်းမာရေး ဂရုစိုက်သူများလဲ လစဉ် သွားရောက် စမ်းသပ် ပေးရင် ပိုကောင်းပါတယ်..

      
    ၂/အဲဒီလို ပေါ်လာပြီဆိုရင် ကိုယ့်ဆိုဒ်မှာ လင့်ချိတ်ထားတဲ့ အထဲက အဲဒီ အနီပြနေတဲ့ လင့်တွေကို ပြန်ဖျက် ထုတ်ပေးပါ.. အကောင်းဆုံးနည်းကတော့ ဆိုဒ်ဘားမှာ ရှိတဲ့ လင့်တွေ widged တွေကို အကုန် ဖြုတ်ပစ်လိုက်တာ အကောင်းဆုံးပါ ပြီးရင် တစ်ခေါက် ထပ်စမ်းကြည့်ပါ အောက်က ပုံလို ပေါ်လာတဲ့ အထိပေါ့ ဘယ်လို လုပ်လုပ် အဆင်မပြေရင်တော့ တန်းပလိတ် အသစ်ပြောင်းထည့်လိုက်ပါ....။



    သူ့မှာ အကုန် ရှင်းလင်းပြီးသွားပြီ ဘာမှ Malware တွေ မရှိတော့ပါဘူး ဒါပေမယ့် ဆိုဒ်ကတော့ Blacklisted ဝင်နေတုန်းပါပဲ.

    ကိုယ့်ဆိုဒ်ဟာ အလည်လာသူတွေ ကိုဘာမှ မထိခိုက် စေတော့ဘူး ဆိုတာကို ဂူဂယ်ကို သတင်းပို့ပြီး စစ်ခိုင်းရပါမယ် ဒါမှ သူတို့ စစ်ပြီး ကိုယ့်ဆိုဒ်ကို Whitelisted ထဲ ပြန်ထည့်ပေးမှ အဲဒီ အနီရောင် သတိပေးစာတန်းကြီး ပျောက်မှာပါ..အဲဒါ လုပ်ဖို့ကတော့

    ၃/ ဟောဒီလင့်ကို https://www.google.com/webmasters/tools/home သွားလိုက်ပါအုံးဗျာ.. ပြီးရင် ကိုယ့်ဘလော့ကို အကောင့်ဖွင့်ထားတဲ့ Gmail လိပ်စာနဲ့ ပက်စ်ဝပ် ပေးပြီး ဝင်လိုက်ရင် အောက်က ပုံမှာ ပြထားတဲ့ နေရာကို ရောက်ပါမယ်..


    အခု မြင်ရတဲ့ ပုံမှာ ကျွန်တော့် လိပ်စာနှစ်ခုကို မြင်ရမှာပါ မိတ်ဆွေ အနေနဲ့ ပထမဦးဆုံး ဝင်တာ ဆိုရင်တော့ အောက်က လင့်နှစ်ခုလိုမျိုး မြင်ရအုံးမှာ မဟုတ်ပဲ အပေါ်မှာ မြင်ရသလို ကိုယ့်မှာ ရှိတဲ့ ဘလော့တွေကို ပြနေတာပဲ မြင်ရမှာပါ ကိုယ်လုပ်ချင်တဲ့ ဘလော့ကို Tip လုပ်ပေးပြီး Add selected sites ဆိုတာလေး နှိပ်လိုက်ရင် Sites ဆိုတဲ့ နေရာမှာ ကိုယ် ခုနက Add လိုက်တဲ့ ဆိုဒ်ဒိုမိန်း နာမည် ပေါ်လာမှာပါ..

    ၄/အဲ နောက်တစ်ချက်ကတော့ ကိုယ်ပေးလိုက်တဲ့ ဘလော့လိပ်စာဟာ ကိုယ့်ရဲ့ ဘလော့ဂ် ဟုတ်မဟုတ် ပိုင်ရှင် ဟုတ်မဟုတ်ပေါ့လေ စစ်ပါသေးတယ် အောက်က ပုံလေး အတိုင်းပါပဲ ပထမဆုံး Add a meta tag to your site's home page ဆိုတာကို Tip ပေးလိုက်ရင် Instructions: ဆိုတာလေး အောက်မှာ ထပ်ပွင့်လာပါမယ် အဲဒီက ကုဒ်ကို ယူပြီး ကိုယ့် ဘလော့ရဲ့ HTML ကုဒ်တွေကြားထဲ ထည့်ရမှာပါ ..



    ဘယ်လို ထည့်မလဲ ဆိုတာက ကိုယ့် ဘလော့ထဲ Login ဝင်လိုက်ပါ ပြီးရင်တော့ Design ထဲကနေ Edit Html ကို ဆက်ဖွင့်ပါ ပြီးရင် <head> ရဲ့ အောက်နား သို့မဟုတ် <body>ရဲ့ အပေါ်မှာ ခုနက ရထားတဲ့ ကုဒ်ကို ထည့်ပေးလိုက်ပါ ပြီးရင် Verify ခလုတ်လေး နှိပ်ပေးလိုက်ပါ..

    ၅/ ပြီးရင်တော့ ကိုယ်ပြဿနာ ဖြစ်နေတဲ့ ခုနက အောက်ကို Add လိုက်တဲ့ ဒိုမိန်းကို နှိပ်လိုက်ပါ ဒါဆို နောက်ထပ် စာမျက်နှာ တစ်ခု ပေါ်လာပါမယ် အဲဒီ စာမျက်နှာရဲ့ ဘယ်ဘက်ဆိုဒ်ဘားမှာ Diagnostics ဆိုတာလေးကို နှိပ်လိုက်ပါ နောက်ထပ် လေဘယ်တွေ အများကြီး ထွက်လာပါမယ် အဲဒီထဲက  Malware ကို ဆက်နှိပ်ပြီး Request a review. လုပ်ပေးလိုက်ပါ
    တစ်ခုရှိတာကတော့ ကိုယ့်ဆိုဒ်ကို စကင် ဖတ်ပြီး အကုန်ရှင်းလင်းပြီ Blacklisted ဝင်နေတာပဲ ကျန်တော့တယ် ဆိုမှ အဆင့် ၃ ၊ ၄ နဲ့ ၅ ကိုလုပ်ပါ ပြီးသွားရင်တော့ ပစ်သာ ထားလိုက်ဗျာ (ကျွန်တော့် မိတ်ဆွေကို လုပ်ပေးတုန်းကတော့ သိပ်မကြာလိုက်ဘူးဗျ လေးငါးခြောက် နာရီ လောက်ပဲ ကြာ လိုက်တယ် ထင်တာပဲ )သတိရလောက်မှ ကိုယ့်ဘလော့လေး ပြန်ဖွင့်ကြည့်လိုက်ရင် အနီရောင် သတိပေးစာကြီး မရှိတော့တဲ့ လာလည်တဲ့ ဧည့်သည်တွေ ရဲ့ ဘရောက်စ်ဇာတွေ ကွန်ပြူတာတွေကို ဟမ်းစေတဲ့ အန္တရာယ်ကို မဖြစ်စေတော့တဲ့ ကိုယ့်ဘလော့လေးကို စိတ်ချမ်းသာစွာ မြင်တွေ့ရမှာပါ..
    အားလုံး အဆင်ပြေကြပါစေ.

    PS: ဤ ဘလော့တွင် ဖော်ပြထားသော ဆော့ဖ်ဝဲလ် များ ဘလော့ဂ်နှင့်သက်ဆိုင်သော နည်းပညာများ ကို အခြားအခြားသော ဘလော့ဂ်များ တွင်လဲ ဖော်ပြပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါသည် ကျွန်တော့်ဘလော့ဂ်တွင် တင်ထားသမျှသည် ကျွန်တော် လိုချင်သောအခါ အလွယ်တကူ ရရှိရန် နှင့် မရှိသေးသူများ အတွက် ရည်ရွယ်ပါသည်...။

    ကို လင်း ထက် ရေး သော ဘလော့ ကို   ဘလော့ မိတ်ဆွေ များ အဆင်ပြေ စေရန်  ရည် ရွယ်ပြီး မူရင်း အ တိုင်း ကူးယူဖေါ်ပြခြင်း သာ ဖြစ်ပါသည်။

    Monday, 31 October 2011

    ဘလော့လင့်တွေကိုကာလာမျိုးစုံပေါ်အောင်လုပ်နည်း

            ဒီနည်းလမ်းလေးကိုလဲဘလော့မိတ်ဆွေများ ကြိုက်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်.ဒါကတော့ မိမိတို့ က လင့်တွေကို မောက်စ်နဲ့ ထောက်လိုက်ရင် အရောင်အမျိုးမျိုးနှင့်ပေါ်အောင်လုပ်တဲ့နည်းလေးပါ.လုပ်နည်းကလဲမခက်ပါဘူး. 


    ၁. Go to Dashboard, click Design, click Edit HTML.
    ၂. (Ctrl+F) ဖြင့် </head> ကိုရှာပြီးအောက်ကကုဒ်ကို အဲဒီ</head> အောက်မှာထည့်ပေးလိုက်ပါ.

    <script language='javascript' src='http://sites.google.com/site/blogfuelblogfuel/widgets-js/LinkPelangi.js'/>

    ၃. ပြီးရင်တော့ Click Save Template.
              ဒါဆိုရင်တော့ လင်ခ့်တွေက ကာလာတွေ မောက်(စ်)ထောက်လိုက်တာနဲ့
    အော်တို ပြောင်းနေတာ တွေ့ရမှာဖြစ်ပါတယ်.......

             source:   အာကာဖြိုး
                                                                  အှ် ဆံင်း   လာ့   ဆါ်....