welcome from sawkyawkyaw.blogspot.com
  • Home
  • about IT
  • Virus
  • Gmail
  • G-talk
  • Blogspot
  • Karen song
  • Curlture
  • Showing posts with label ရိုးရာ ဓလေ့. Show all posts
    Showing posts with label ရိုးရာ ဓလေ့. Show all posts
    Tuesday, 15 November 2011
    ဖျား လုံ ကျေးရွာ မှတန်ဆောင် တိုင် မီးပုံးပျံ လွှတ် ပွဲ တော်
        ကရင် ပြည်နယ် ဘားအံ မြို့နယ် ဖျားလုံကျေးရွာ မှ မီးပုံးပျံ လွှတ်တင်ပွဲသည် မည်သည့်အချိန်က စတင်ခဲ့မှန်း မသိရှိရသော်လည်း နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့ဖျားလုံဘုရားပွဲ တွင် ရိုးရာတစ်ခုအနေဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြပါသည်။
            အမှန်စင်စစ် ယင်းဖျားလုံဘုရားပွဲသည် ဆွမ်းကြီးလောင်းပွဲ နှင့် ကထိန်ခင်းသောပွဲတော်ဖြစ်သော်လည်း မီးပုံးလွှတ်တင်ပွဲကို အများစုက ပို၍ စိတ်ဝင်စားကြသည်။ ၄င်းဖျားလုံရွာသည် ကရင်ပြည်နယ်၊ဘားအံမြို့၏ တောင်ဘက်(၁၀)မိုင်အကွာ၊ ဇွဲကပင်တောင်၏ အရှေ့ဘက်ခြမ်း ဘားအံ မြို့ မှသာမညတောင် သို့ သွားသော ကားလမ်း နဘေး တွင်တည်ရှိပြီး နောင်လုံ၊ လှိုင်ကား၊ အိန္ဒဲရွာတို့နှင့်လည်း နီးကြောင်းလည်း သိရှိရသည်။
    နှစ်တိုင်း လိုလိုပင် မီးပုံးပျံကို တန်ဆောင်မုန်းလပြည့်နေ့ညနေ(၄)နာရီနောက်ပိုင်းမှသာ လွှတ်တင်ခဲ့ကြပြီး     ယခုနှစ် နိုဝင်ဘာ(၁၀)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း ခါတိုင်းနှစ်ကဲ့သို့ပင် အဆမတန် ကြီးမားပြီး မြောက်များစွာသော မီးပုံး ပျံများကို ကြည့်ရှုရန်        ဖျား လုံရွာအနီးတဝိုက် နှင့်  မြို့ပေါ်ကလူပါ မကျန်  ရောက်ရှိလာခဲ့ကြောင်းလည်း သိရပါသည်။
    မီးပုံး၏ အောက် တွင် ချိတ်ဆွဲ ထားသော အဆွဲများကိုလည်း တန်ဖိုးရှိသော စောင်၊ပုဆိုး၊ အကျီင်္၊ အမျိုးမျိုးဖြင့် တန်ဆာဆင်ကြပြီး တစ်ချို့ဆို စက်ဘီး၊ ကက်ဆက်များအထိ လွှတ်တင်ခဲ့ကြသည်။
              ထို့အတူ  ကရင် ပြည်နယ် ဘားအံ မြို့နယ် ၀ဲကြီး ပအိုဝ့် ကျေးရွာ တွင် လည်း တန်ဆောင် တိုင် မီးမျောပွဲ ကိုလည်း ထိုင်းနိုင်ငံ ရှိ တန်ဆောင်မုန်း လပြည့် နေ့တွင် ပြုလုပ်ကျင်းပသော(Loy Krathong) မီးမျောပွဲ၊မီးပုံးပျံ လွှတ် ပွဲ နည်းတူ နှစ်စဉ်နှစ်တိုင်း ဝဲကြီး ကျေးရွာ တွင် တန်ဆောင်မုန်းလပြည့်နေ့ည တန်ဆောင် တိုင် မီးမျော ပွဲ ကို အစဉ် အလာ တစ်ခုအနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည် ဟုလည်း သိရှိ ရပါသည်။
    Saturday, 27 August 2011
    ကရင် ရိုးရာ အရိုးကောက် ပွဲ
    ကရင့်ရိုးရာဓလေ့ အရိုးကောက်ပွဲ
    အရိုးကောက်ပွဲဆိုတာ    လူသေအလောင်းကို မီးရှို့သင်္ဂြိုပြီးတဲ့နောက်ကျန်ခဲ့တဲ့အရိုးတွေကို   ပြန်ကောက်ပြီး နောက်ဆုံးအနေနဲ့ သေဆုံးသူရဲ့ဝိညာဉ်ကိုပြန်ခေါ်တဲ့
    သဘောလုပ်ပြီး သူနဲ့အတူ မိသားစုဆွေမျိုးတွေ အတူတကွ စားသောက်ပြီး ပျော်ပွဲရွှင်ပွဲတွေ
    ပြုလုပ်ကြတာဖြစ်ပါတယ်။
    အရိုးကောက်ပွဲကျင်းပတဲ့အခါမှာ ဒုံးအက၊ အော်ပွဲ၊ အရိုးရေစက်ချပွဲတွေလုပ်ပြီး
    အရိုးပြာတွေကို အရိုးတောင်ဆီပို့ဆောင်တာနဲ့ အတူ ကျွေးမွေးဧည့်ခံပွဲတွေကို ပြုလုပ်ကြပါတယ်။
    အရိုးကောက်ပွဲကို တောင်ပေါ်ကရင်တွေရော မြေပြန့်ကရင်တွေပါ လုပ်ကြပါတယ်။
    အရိုးကောက်တဲ့သဘောကတော့ သေဆုံးသူရဲ့ဝိညာဉ်ကို အိမ်ကိုပြန်လာပြီး ပျော်ရွှင်ဖို့
    အိမ်ကိုခေါ်လာတဲ့ သ ဘောဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်သေဆုံးပြီဆိုရင် အသုဘကိုအရင်ချပါတယ်။ အရိုးကောက်ပွဲကိုတော့ အသုဘချပြီးနောက်မှာမှ သီးသန့်လုပ်လေ့ရှိပါတယ်။
    များသောအားဖြင့်တော့ တပို့တွဲလကနေ ကဆုန်လအတွင်းမှာလုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်တဲ့အချိန်မှာလည်း လဆန်းရက်တွေမှာမလုပ်ပဲ လဆုတ်ရက်တွေမှာသာ လုပ်လေ့ရှိပါတယ်။
    အရိုးကောက်ပွဲလုပ်တဲ့နေ့မှာ ညနေ(၃း၀၀)နာရီကစပြီး အရိုးကောက်လေ့ရှိပါတယ်။ အရိုးသွားကောက်တဲ့အချိန်မှာ လူအရေအတွက်ဟာ မ ဂဏန်းဖြစ်ရပြီး သေသူရဲ့ဆွေမျိုးတွေမဟုတ်ရင် ရင်းနှီးခင်မင်တဲ့ ယောကျာင်္းကြီးတွေဖြစ်ရမယ်။ အရိုးကောက်သူတွေကလည်း အိမ်ကနေထွက် သွားတဲ့အချိန်ကစပြီး ပြန်လာတဲ့အချိန်ထိ လမ်းတစ်လျှောက်မှာ ဘယ်သူနဲ့မှ စကားမပြောရပါဘူး။ ဒါပေမဲ့ အရိုးကောက်သူတွေ အချင်းချင်းတော့ စကားပြောလို့ရပါတယ်။ တကယ်လို့ အပြင်လူနဲ့စကားပြောခဲ့ရင် အလှူအိမ်နဲ့ ရပ်ရွာကို ထိခိုက်တတ် တယ်လို့ရှေး အယူအဆရှိကြပါတယ်။ အရိုးကောက်သူတွေပြန်လာတဲ့အခါ ရွာမှာကျန်ခဲ့တဲ့ သူတွေက မဂဏန်းအဖြစ်နဲ့ ပြန်လာသူ ကိုသွားကြိုရပြီး စောင့်ကြိုသူအရေအတွက်ဟာ ပြန်လာသူထက်များရပါတယ်။ စောင့်ကြိုတဲ့အခါမှာ အရက်(၂)ပုလင်းနဲ့ တုတ်၊ ဓါး လက်နက်များကို ကိုင်ဆောင်ရပြီး ရွာဝင်လမ်းကို ပိတ်ထားရပါတယ်။ ဆူညံဆူညံအော်ဟစ်ပြီး ပြန်လာသူကို လူကောင်းလား၊ လူ ဆိုးလားမေးရပါတယ်။ ပြန်လာသူတွေကလည်း လူကောင်းပါ လို့ဖြေပြီးမှ ရွာထဲကို ၀င်လာရပါတယ်။ ရွာထဲမ၀င်လာခင်ထွက်ကြိုသူများက အရိုးကောက်သူများနှင့်အတူတူ အရက်ထိုင်သောက်ကြပါတယ်။
    ဒီလိုသောက်တာဟာ သစ္စာရေသောက်တယ်လို့ သဘောထားကြပါတယ်။
    အရက်သောက်ပြီးတဲ့အချိန်မှာ အရိုးကောက်သူများကို မိတ်ဆွေကောင်းလို့သတ်မှတ်ပြီး ရွာဝင်လမ်းကို ဖယ်ပေးပါတယ်။
    ရွာထဲဝင်လာတဲ့အခါ အရိုးပလိုင်းကို အဆင့်သင့်ဆောက်ထားတဲ့ အရိုးစင်ပေါ်မှာတင်ထားရပြီး အရိုးပလိုင်း မပျောက်အောင်လည်း စောင့်ရှောက်ရပါတယ်။ အဲဒီနောက် ရိုးရာနတ်ကို ပထမဦးဆုံး ကျွေးမွေးရပြီး တခြားနတ်များဖြစ်ကြတဲ့ ဓူဝေနတ်၊ ရွာစောင့်နတ်နဲ့ ဘိုးဘွားမိဘများကို ကျွေးရပါတယ်။
    မိသားစုအိမ်သူအိမ်သားနဲ့ ဆွေမျိုးတို့ကလည်းရိုးရာ နတ်နဲ့ဘိုးဘွားမိဘ  တို့ ကိုကျွေးပြီး တဲ့အခါ တစ်ခုမကျန် ကြီးစဉ်ငယ်လိုက် အလှည့်ကျသုံးဆောင်ရပါတယ်။
    ပြီးတဲ့အခါ အခြားသူငယ်ချင်းမိတ်ဆွေများကို ကျွေးရပါတယ်။
    အရိုးကောက်ပွဲကို ဘာကြောင့်ကျင်းပရသလဲဆိုတာကို ကရင့်ရိုးရာဓလေ့ကို သုတေသနပြုစုနေတဲ့ ဆရာကလော်လားက အခုလို ပြောပြပါတယ်။
    သေသွားတဲ့သူဟာ ကျွန်တော်တို့ကိုမြင်ပြီးတော့ ကျွန်တော်တို့က သေသွားတဲ့သူကို မမြင်ရဘူးဆိုပြီးယူဆကြတယ်။သူတို့က လည်း ကျွန်တော်တို့နဲ့ဆက်ဆံချင်တိုင်းဆက်ဆံလို့မရဘူး။ အဲဒီတော့ကျွန်တော်တို့ပျော်သလို သူ့ကိုလည်းပျော်စေချင်တယ်။
    အဲဒီတော့ကျွန်တော်တို့ဟာ အမှုမဲ့ အမှတ်မဲ့နေခဲ့လို့ရှိရင် မကောင်းဘူးပေါ့ဗျာ။ သူလည်းပဲ မလွတ်လပ်ဘူး။ အဲဒီတော့ သူ့လမ်းခရီးဟာမချောဘူး။ အဲဒီတော့ သူတို့ပျော်ချင်သလို ကျွန်တော်တို့အပျော်လုပ်ပေးဖို့လိုအပ်တယ်။ဆိုတော့ ကျွန်တော် တို့က သူတို့ကို မမြင်မတွေ့ရပေမဲ့ မြင်တွေ့ရတဲ့သဘောနဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်ပေးရတယ်။ လုပ်တဲ့အချိန်မှာလည်း သူတို့လည့်းကျွန်တော်တို့ကြားမှာရှိနေတဲ့အလား သဘောထားပြီးတော့ပြောရတယ်။ အဲဒီလိုသူပျော်ရွှင်အောင် လုပ်ပေးတဲ့ အတွက်လည်းသူသွားမဲ့လမ်းခရီးဟာ လွတ်လွတ်လပ်လပ်နဲ့ အနှောင့်အယှက်မရှိသွားနိုင်မယ်။
    တကယ်လို့ သူသွားတဲ့လမ်းခရီးမှာ အနှောင့်အယှက်ဖြစ်ပြီး ချောချောမွေ့မွေ့မရှိခဲ့ဘူးဆိုရင် ကျန်ခဲ့တဲ့သူ့မိသားစုတွေကို ပြန် နှောင့်ယှက်တတ်တယ်လို့အယူရှိကြတယ်လို့ ဆရာကလောလားကဆက်ပြောပါသေးတယ်။
    အရိုးကောက်ပွဲကို ညလုံးပေါက်ကျင်းပပြီးတဲ့အချိန် မနက်မှာတော့ ဘုန်းကြီးကျောင်းတွေမှာဆွမ်းကပ်လှူဒါန်းပြီး ဘုရားမှာရေစက်ချပါတယ်။ သေသူကိုအမျှပေးဝေပြီး ကောင်းရာဘ၀သို့ရောက်စေရန်အတွက် ဆုတောင်းပေးခြင်းနှင့်အတူ သူသွားလိုတဲ့အရပ်ကို သွားနိုင်ကြောင်း ခွင့်ပြူရပါတယ်။ သံဃာ့ကိစ္စပြီးတဲ့နောက် နတ်ကတော်က အရိုးပလိုင်းလွယ်ပြီး အရိုးစင် ကို ပြန်ပို့ရပါတယ်။အဲဒီမှတစ်ဆင့် ယောကျာင်္းကြီး(၃)ယောက်(သို့)(၅)ယောက်တို့က အရိုးပလိုင်းကို အရိုးတောင်ကို ပို့ရပါတယ်။
    အရိုးတောင်ပို့ပြီး အိမ်ကိုပြန်လာတဲ့အခါမှာ မှတ်မိလွယ်တဲ့သစ်ပင်ကြီးတစ်ပင်ရှေ့ရောက်တဲ့အခါ သေသူလိပ်ပြာကို ရှေ့ကိုဆက်ပြီးမလိုက်ဖို့၊ သစ်ပင်ကြီးကိုကျော်ပြီးမလာဖို့ပြောရပါတယ်။ အရိုးတောင်ပို့ပြီး ပြန်လာသူများကို နတ်ကတော်က လိပ်ပြာပြန်ခေါ်ရပါတယ်။ ကိစ္စအ၀၀ကိုဆောင်ရွက်ပြီးတာနဲ့ အိမ်ရှေ့သံဃာစင်နဲ့ အရိုးစင်ကို ဖျက်ပစ်ရပါတယ်။
    ပြီးတော့ နတ်ကတော်ကို သရော်ကင်မွန်းရည် နဲ့ လက်ဆေးပေးရပြီး ငွေ ငါးမတ်သားပေးပြီး ပူဇော်ရပါတယ်။
    ကရင်လူမျိုးတို့က အကြောင်း အမျိုးမျိုးကြောင့် အချိန်ပြည့်မလုပ်ပေးနိုင်တာကြောင့် ဒီကရင့်ရိုးရာ အရိုးကောက်ပွဲဟာ ကရင်လူမျိုးကြားထဲမှာ တဖြည်းဖြည်းပျောက်ကွယ်လုနီးပါးဖြစ်နေပြီး
    ကရင်ပြည်နယ်နေရာတစ်ချို့တွေမှာတော့ လုပ်ဆောင်မြဲ လုပ်ဆောင်နေဆဲရှိကြောင်း တင်ပြလိုက်ရပါတယ်။
    အခြားသော အာရှ လူမျိုး စုတစ်စု ဖြစ်သော ဂျပန် လူမျိုး တို့ သည်လည်း  အရိုးကောက်ပွဲ ကို ကျင်း ပလေ့ ရှိ သည်။...................
    Wednesday, 3 August 2011
    ကရင် ရိုးရာ စုပေါင်းချည်ဖြူဖွဲ့မင်္ဂလာပြုပွဲ
      ကရင်ရိုးရာ ချည်ဖြူထုံးဖွဲ့မင်္ဂလာအကြောင်း
    ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ချည်ဖြူဖွဲ့မင်္ဂလာ ပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။
    ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသ
    သို့   ရှာဖွေရာ၌ အစဦးတွင်  တစ်အုပ်စုတည်း  ဆင်းသက်လာသူတို့က    နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။
    ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့်အခါ သော်လည်ကောင်း၊ တစ်အုပ် စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်း သိရှိမှတ်သားနိုင်ရန် လက်တွင် ချည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ချည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထား
    ရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟုအဆိုရှိကြသည်။
    ကရင်လူမျိုးများသည် ရေကြည်ရာ၊ မျက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ် (အမိဘက်)၊  ဖါ-ထါ် (အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စု
    မကွဲ မှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်း
    အသိအမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊  (၂) ဖူ့က်ုဆင့်မဲပါ၊  (၃) ဖူ့ဒ္ဂေတ်၊
    (၄) ဖူ့ကျာပံင်၊ (၅) ဖူ့လျေင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖႜးသူရေင့် စသည့် ကိုးယောက်သောခေါင်းဆောင်များက မိမိတို့ ၏  လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့နှောင်ပေးခဲ့ကြသည်။
    ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်း
    ပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါ လုံးပမ်းးနေချိန်တွင် တစ်ဦးနှင့်တစ်
    ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန်  မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့်  ၀ါခေါင်လတွင် ခေတ္တ  အားလပ်ကြ၍ အချင်းချင်း  တွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။   သို့ကြောင့်ပင်   စုပေါင်းမင်္ဂလာလက်ချည်ခြင်းကို   ၀ါခေါင်လတွင်
    ရွေးချယ်၍ ခင်းကျင်းကြလေသည်။ ၀ါခေါင်လ လက်ချည်ခြင်းကို ရှေးကရင် လူကြီးများက ကြီးမား
    သော ရည်ရွယ်ချက်များ ထားရှိပေသည်။
    စည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊  လူငယ်လူရွယ်များကို  လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။
    ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍ လုပ်ကိုင်ခြင်းစားသောက်နှင့် ကြုံတွေ့ရသော
    ဘေးအန္တရာယ်ကို စုပေါင်း၍ တွန်းလှန်ကာကွယ် လေ့ရှိသလို ၀ါခေါင်လရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါင်လတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစု
    ပါင်း၍ လက်ချည်းခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။
    အလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ် လာသည်။
     ထိုသို့ ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လ
    သည်မိုးသည်းထန်စွာရွာသွန်း၍အအေးဓါတ်လည်းလွန်ကဲနေသည်။ ချောင်းရေ၊ မြစ်ရေများလျှံ၍
    ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။
    အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များ၊ မကောင်း ဆိုးဝါးများ ၀င်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်း ဆိုးဝါးလဟူ၍ မှတ်ယူကြသည်။
    ကရင်ရိုးရာ လက်ချည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာ မင်္ဂလာပြုသောချည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာချည်ဖြူဖြင့် လက်ကိုရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။
    ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ချည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။ ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ချည်ခြင်း (လာဟှာခါင်စူး)၊ ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ချည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။
    လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ် လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေ တတ် သည်ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။
    ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ-
    (၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက် ညှင်းထုပ်ဖင်ချွန်၊(၈)နတ်ပန်းညို(ဖ၀့်ဝီ)၊(၉)ရေစသည်တို့ဖြစ်ပါသည်။
    (၁)ဆန်ကော
    ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကို ၀ါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။
    (၂)ယောက်မ
    အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြော
    ဆိုရ မည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကို ဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။
    (၃)ချည်ဖြူ
    ကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကို ဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။
    (၄) ကြံ
    ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ် ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများ လာနိုင်ပါသည်။
    အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ်ချိုမြိန်သည့်အရသာ ကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။
    (၅)ငှက်ပျောသီး
    ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို
    ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်း ကျန
    စွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာ
    ဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာ သီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်အထိ ခုတ်ပိုင်းဖျက်ဆီးသော်လည်း အချိန်တန်
    လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့်
    ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီး မြေးမြစ် များဖြစ်စေရန်ရည်ရွယ်ခြင်းဖြစ်သည်။
    (၆)ထမင်းဆုပ်
    ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ်  ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန် ရည်ရွယ်ဖေါ်ပြခြင်းဖြစ်ပါသည်။
    (၇)ကောက်ညှင်းထုပ်ဖင်ချွန်
    ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထား
    သဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန် အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ် စုစည်း ၍ ထက်မြက်ထူးချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။
    (၈)နတ်ပန်းညို(ဖ၀့်ဝီ)
    နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ
    အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍
    ရုံဖွဲ့ မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။
    ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်းညိုပန်း(ဖ၀့်ဝီ๏)ကဲ့သို့ပင် ကရင်လူမျိုးများသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည် တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင် ထိန်း သိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ် ပေးနိုင်ရန်အတွက်ရည်ရွယ်ခြင်းဖြစ်ပါသည်။
    (၉)ရေ
    ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။
    ရေ၏ စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ   သတ္တ၀ါအပေါင်းမှ   မှီခိုအားထားနေရ သည့်အရာဖြစ် သည်။ ဟောင်း နွမ်းညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီး ဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည် ပြည့်ဝစေခြင်းဖြစ်သည်။
    လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့်   ရေကြည်အေး တစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ချည်ဖြူ များကိုဖြတ်ပြီး ဖြန့်စီထားလေသည်။
    လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ လက်ဝါးပေါ်တွင် ထမင်း တစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထား ရသည်။
    လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ချည်ဖြူတစ်ပင်
    ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ချည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။
    ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန်
    ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်း
    သော စကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ ဖား
    စည်ကို တီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သား
    အလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ဆုတောင်းကြသည်။
    လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ် ယူလိုက်သည်။ ထိုချည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်
    ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင်  "ဤချည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။
    (ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့် အလျောက် ဆိုကြသည်။
    အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်)
    ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန် သည့်သဘောဖြင့် ထိုအတိုင်းထားလေသည်။ ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ် တွင် ပြန်ချထားလိုက်သည်။
    လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထား
    သော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လ ပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူ
    ငယ်များ စုစည်းဦးဆောင်၍ စုပေါင်းချည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့
    ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်း ဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။
    ကူးယူ ဖေါ်ပြသော ဘလော့ ဖြစ်ပါသည်.