welcome from sawkyawkyaw.blogspot.com
  • Home
  • about IT
  • Virus
  • Gmail
  • G-talk
  • Blogspot
  • Karen song
  • Curlture
  • Tuesday, 15 November 2011
    ဖျား လုံ ကျေးရွာ မှတန်ဆောင် တိုင် မီးပုံးပျံ လွှတ် ပွဲ တော်
        ကရင် ပြည်နယ် ဘားအံ မြို့နယ် ဖျားလုံကျေးရွာ မှ မီးပုံးပျံ လွှတ်တင်ပွဲသည် မည်သည့်အချိန်က စတင်ခဲ့မှန်း မသိရှိရသော်လည်း နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့ဖျားလုံဘုရားပွဲ တွင် ရိုးရာတစ်ခုအနေဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြပါသည်။
            အမှန်စင်စစ် ယင်းဖျားလုံဘုရားပွဲသည် ဆွမ်းကြီးလောင်းပွဲ နှင့် ကထိန်ခင်းသောပွဲတော်ဖြစ်သော်လည်း မီးပုံးလွှတ်တင်ပွဲကို အများစုက ပို၍ စိတ်ဝင်စားကြသည်။ ၄င်းဖျားလုံရွာသည် ကရင်ပြည်နယ်၊ဘားအံမြို့၏ တောင်ဘက်(၁၀)မိုင်အကွာ၊ ဇွဲကပင်တောင်၏ အရှေ့ဘက်ခြမ်း ဘားအံ မြို့ မှသာမညတောင် သို့ သွားသော ကားလမ်း နဘေး တွင်တည်ရှိပြီး နောင်လုံ၊ လှိုင်ကား၊ အိန္ဒဲရွာတို့နှင့်လည်း နီးကြောင်းလည်း သိရှိရသည်။
    နှစ်တိုင်း လိုလိုပင် မီးပုံးပျံကို တန်ဆောင်မုန်းလပြည့်နေ့ညနေ(၄)နာရီနောက်ပိုင်းမှသာ လွှတ်တင်ခဲ့ကြပြီး     ယခုနှစ် နိုဝင်ဘာ(၁၀)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း ခါတိုင်းနှစ်ကဲ့သို့ပင် အဆမတန် ကြီးမားပြီး မြောက်များစွာသော မီးပုံး ပျံများကို ကြည့်ရှုရန်        ဖျား လုံရွာအနီးတဝိုက် နှင့်  မြို့ပေါ်ကလူပါ မကျန်  ရောက်ရှိလာခဲ့ကြောင်းလည်း သိရပါသည်။
    မီးပုံး၏ အောက် တွင် ချိတ်ဆွဲ ထားသော အဆွဲများကိုလည်း တန်ဖိုးရှိသော စောင်၊ပုဆိုး၊ အကျီင်္၊ အမျိုးမျိုးဖြင့် တန်ဆာဆင်ကြပြီး တစ်ချို့ဆို စက်ဘီး၊ ကက်ဆက်များအထိ လွှတ်တင်ခဲ့ကြသည်။
              ထို့အတူ  ကရင် ပြည်နယ် ဘားအံ မြို့နယ် ၀ဲကြီး ပအိုဝ့် ကျေးရွာ တွင် လည်း တန်ဆောင် တိုင် မီးမျောပွဲ ကိုလည်း ထိုင်းနိုင်ငံ ရှိ တန်ဆောင်မုန်း လပြည့် နေ့တွင် ပြုလုပ်ကျင်းပသော(Loy Krathong) မီးမျောပွဲ၊မီးပုံးပျံ လွှတ် ပွဲ နည်းတူ နှစ်စဉ်နှစ်တိုင်း ဝဲကြီး ကျေးရွာ တွင် တန်ဆောင်မုန်းလပြည့်နေ့ည တန်ဆောင် တိုင် မီးမျော ပွဲ ကို အစဉ် အလာ တစ်ခုအနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည် ဟုလည်း သိရှိ ရပါသည်။
    Tuesday, 8 November 2011
    How to write Myanmar font in notepad ?
    Notepad တွင် မြန်မာ လို ရိုက်ချင်သူများ အတွက်ပါ။မသိသေးသော သူ များ ကို မျှဝေ ခြင်း သာ ဖြစ် ပါသည်။ သိပြီးသော သူ များ ကျော် သွားကြပါဗျာ။
    notepad တွင် မြန်မာ လို ရိုက် လို လျှင်  ပထမဦး စွာ notepad ကို ဖွင့် လိုက် ပါ။ပြီးလျှင်  ပုံ အတိုင်းNotepad Menu Bar မှ Format ကို ကလစ် လိုက် ပါ။
    ပေါ် လာ သော  Word wrap နှင့် font ထဲ မှ font ကို ရွေးပြီး ကလစ် လိုက် ပါ။
                                                                                                                                                                                                                                                                                          အောက် က ပုံ အတိုင်း ပေါ် လာ မည် ဖြစ် သည်။                              
    ပေါ် လာ သော ပုံ ထဲ က အတိုင်း font ၏ scroll bar ကို အောက် ဆုံး အထိ ဆွဲ လိုက် ပါ။ထို အခါ zawgyi-one font ပေါ် လာ မည်။ပေါ် လာ သော zawgyi-one ကို ကလစ် ပြီး   အောက် တွင် ရှိသော ok ကို ကလစ် လိုက် ပါ။ ပြီး ပါ က မြန် မာ ဖေါင့် ကို notepad တွင် ရိုက် နိုင် ပါပြီ။
    font စာ လုံး အကြီးအသေး ရွေး လိုပါ က   ပုံ အတိုင်း size ၏ အောက် တွင် ရှိသော scroll bar ထဲ က အတိုင်း မိမိ ကြိုက် နှစ် သက် သော အရွယ် အစား ကို ရွေးချယ် ပြီး ok ကို ကလစ် လိုက် ပါ။အဆင်ပြေ ကြပါစေ။
                                                                                                                          အှ်ဆံင်းလာဆါ်....................
    Monday, 31 October 2011
    GTalk မှာ မြန်မာလိုရိုက်တာ လေးထောင့်ကွက်တွေ ပေါ်နေရင်
    ကိုယ်ဆီမှာ ဇော်ဂျီဖောင့်လဲရှိတယ်၊ ဇော်ဂျီကီးဘုတ်လည်း
    အင်စတော လုပ်ထားရဲ့သားနဲ. GTalk မှာ မြန်မာလိုရိုက်တာ
    လေးထောင့်ကွက်တွေ ပေါ်နေရင်တော့။
    GTalk Box
    ကိုဖွင့် Settings ထဲဝင်။ထဲဝင်။ Chaing Font...
    ကိုကလစ်လုပ်ပြီး Zawgyi-One ဆိုတဲ့ဖောင့်ကို ပြောင်းပေးရပါမယ်။
    I.E
    မှာဆိုရင် Tools Tab ကနေ Internet Option
    ကိုဝင် General Tab ထဲက Fonts ဆိုတာထဲဝင်
    Zawgyi-One
    ဆိုတဲ့ဖောင့်ကို ပြောင်းပေးပါ
    Mozilla Firefox
    မှာဆိုရင် Tools Tab ကနေ
    Option
    ကိုဝင် Content ဆိုတဲ့ Tab မှာ Defaunt font
    ဘေးမှာ Zawgyi-One ဆိုတဲ့ဖောင့်ကို ပြောင်းပေးပါ
    ပြီးရင်တော့မြန်မာလိုအဆင်ပြေစွာအသသုံးပြုနိုင်ပါပြီဗျာ
    G-mail Account သစ်တွင် Account ဟောင်းမှလူများပြန်ထည့်ချင်လျှင်
                                           Old Gmail account ကိုဖွင့် .. ပြီးရင် contacts ထဲဝင်၊ contacts ထဲရောက်ရင် အပေါ်ညာဘက်ထောင့်ကိုလှမ်းကြည့်လိုက်၊ အဲဒီမှာ Import, Export, Print ဆိုတာတွေ့မယ်။ အဲဒီ email အဟောင်းက contacts တွေကိုအရင် Export လုပ်ပါ။ ဥပမာ အဲဒီ Export ဖိုင်က "Contacts.csv" အမည်နဲ့ Desktop ပေါ်မှာ save လုပ်ပေးပါ (Firefox) နဲ့ဆိုရင် Desktop ပေါ်မှာ default အနေနဲ့ save ပေးလိမ့်မယ်။ save ပြီးရင် ကိုယ်ထည့်ချင်တဲ့ Gmail အသစ်ကို ဖွင့်ပါ။ အပေါ်ကနည်းအတိုင်းပဲ contacts ထဲကိုဝင်ပြီး Import ကိုနှိပ်၊ ပြီးရင် ကိုယ် save ထားတဲ့ဖိုင်လေးကို ရွေးပြီးတော့ Import လုပ်ပေးလိုက်၊ သိပ်လွယ်တာပဲ။
    source; sawshadounlwei
    Gtalk က offline chat (Invisible chat)တွေကို ဖေါ် နည်း...
    ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။
    (၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
    (၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက
          အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
          ပြီးရင်.. Go off the record ကို နှိပ်ပါ။
    (၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။
          ဥပမာ… hi လို့ ရိုက်ပြီး   ချက်ကြည့်ပါ။
    (၄)..............@gmail.com is offline and can’t receive messages right now.
         လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
          တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
    (၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
          ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history 
          ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
    စမ်းကြည့်လိုက်ပါ.....ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲဟဲ..။