welcome from sawkyawkyaw.blogspot.com
  • Home
  • about IT
  • Virus
  • Gmail
  • G-talk
  • Blogspot
  • Karen song
  • Curlture
  • Thursday 29 September 2011

    လက်ကိုင်ဖုန်းတစ်လုံးရဲ့ အရေးပေါ်စွမ်းဆောင်နိုင်မှု့စွမ်းရည်များ

    လက်ကိုင်ဖုန်းတစ်လုံးရဲ့ အရေးပေါ်စွမ်းဆောင်နိုင်မှု့စွမ်းရည်များ

             1...............အရေးပေါ် အတွက် keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..
      2.....................ကားထဲမှာ သော့တွေ ကျန်ခဲ့လား သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။
    3.......................ဖွက်ထားတဲ့ အပို ဘထ္ကရီ သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။
    4.................. အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။ သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။ လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။

    Monday 26 September 2011

    ထေါဟ်လဲုအွာ၊ နာန်ၟသိင်းလး္ဘင် သာယူၟ္ဘးခေါဟ်လံင်ဖါသိုင့်

     karen song                                                                                                                                                                                   


    Thwee

    karen song                                                                                                                                                                     

    Sunday 25 September 2011

    ကွာဖႜူး စီကႜာထင်းယုဂ်ခါန်ၟဍုံယာန်

         karen  song    

                            

    စလင်းလင်း - ပ်ုဟှုင်ဆိုဒ်္ဘံင်

    karen song
      ကျနော်ကြိုက်တဲ့ သီချင်းလေးပါ........နားဆင်သွားကြပါနော်... 

     

    Friday 23 September 2011


    အင်တာနက်ကို၂၀%မြန်အောင်လုပ်နည်း..

    ref; sawshadounlwei.blogspot.com
    စတင်လုပ်ရမှာကတော့....
    1. Start Menu--->> Click Run
    ကိုရွေးပါ။
    2. Type gpedit.ms c
    ရိုက်ပါ။
    3. Enter
    ခေါက်ပါ။
    4.
    ဘယ်ဘက်ခြမ်းက Computer Configuration ကို Expand လုပ်ပါ။
    . Administrative Templates ကို Expand လုပ်ပါ။
    . Network ကို Expand လုပ်ပါ။
    . Qos Packet Scheduler ကိုရွေးပါ။
    . ပြီးလျှင် ညာဘက်ခြမ်းက Limit Reservable Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ double Click နှိပ်ပါ။
    . Limit Reservable Bandwidth Properties box မှာ Enable option ကိုရွေးပါ။
    ၁၀. Bandwidth Limit [%] box မှာ 0% ကို 20 % ပြောင်းပြီး ok နှိပ်ထွက်ပါ။
    ဒါဆိုရင် ပိုမြန်လာပါလိမ့်မယ်..

    Password နဲ့ ပတ်သတ်လို့ သိထားသင့်တာများ 

    sawshadounlwei.blogspot.com မှ ကူး ယူဖော် ပြခြင်းဖြစ်ပါ သည်...

    Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&!အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။

    တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ မှတ်လို့ မရရုံတင် မကပါဘူး။ Password သူခိုးတွေ သုံးတတ်တဲ့ အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ၊ ဘရုဖို့စ် တိုက်ခိုက်မှု (Brute Force Attack) စတဲ့ နည်းတွေကနေ ရှောင်နိုင်အောင်လည်း ပါဝင်ပါတယ်။ Password သူခိုး များဟာ ရေးထားပြီးသား ပရိုဂရမ်တွေ Script တွေကို သုံးပြီး Password ဖြည့်ရမည့် နေရာမှာ ဖြစ်နိုင်ခြေ ရှိတဲ့ Password တွေကို အလိုအလျောက် ဖြည့်ကြည့်ကြပါတယ်။ အဲဒီလို ပရိုဂရမ်တွေ ကလည်း ကိုယ်တိုင် ရေးစရာ မလိုပဲ အင်တာနက်မှာတင် အလွယ်တကူ ရှာလို့ ရနိုင် ပါတယ်။

    အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ဆိုတာကတော့ အဲဒီလို ရေးထားပြီးသား ပရိုဂရမ်ကို သုံးပြီး အဘိဓာန် ထဲမှာ ရှိတဲ့ အင်္ဂလိပ်စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ပေါင်းစပ်ပြီး ဖြည့်ကြည့်တာကို ခေါ်ပါတယ်။ ဥပမာ အားဖြင့် night နဲ့ parking ပေါင်းပြီး nightparking ဆိုတဲ့ စာလုံးမျိုး၊ Bird နဲ့ Park ပေါင်းပြီး birdpark ဆိုတာမျိုးကို Password နေရာမှာ ဖြည့်ကြည့်ကြတာ မျိုးပါ။ အဲဒီတော့ ကိုယ့်ရဲ့ Password က အဘိဓာန် ထဲမှာ ရှိတဲ့ စာလုံးတွေကို သုံးထားတယ်ဆိုရင် အဘိဓာန် တိုက်ခိုက်မှု ကြောင့် Password သူခိုးတွေရဲ့ လက်ကို ရောက်သွားနိုင်ပါတယ်။ အဘိဓာန် တိုက်ခိုက်မှုကို သုံးတဲ့ Password သူခိုးအနေနဲ့ အင်္ဂလိပ် အဘိဓာန်သာ မကပဲ သူကြိုက်တဲ့ အဘိဓာန်ကို ပရိုဂရမ်ထဲမှာ အလွယ်တကူ ထည့်ပြီး သုံးလို့ရပါတယ်။ အဲဒါကြောင့် အင်္ဂလိပ် အဘိဓာန် မသုံးပဲ မလေးစကားလုံးလို အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာလုံးမျိုးတွေကို သုံးရင်လည်း စိတ်မချရပါဘူး။ အဘိဓာန်ထဲက စကားလုံးတွေကို Password အနေနဲ့ မသုံးတာဟာ အကောင်းဆုံးပါပဲ။ Password သူခိုးတွေဟာ အဘိဓာန် တိုက်ခိုက်မှု ထဲမှာ qwerty, asdfg စတဲ့ ကီးဘုတ်ပေါ်မှာ ရှိတဲ့ ဂဏန်း အစဉ်လိုက် စာလုံးတွဲတွေကိုလည်း သုံးတတ်တဲ့ အတွက် ကီးဘုတ်ပေါ်မှာ ရှိတဲ့ အစဉ်လိုက် အက္ခရာတွေကို Password အနေနဲ့ ထားခြင်းမှလည်း ရှောင်သင့်ပါတယ်။

    ဘရုဖို့စ် ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ဖြည့်ကြည့်တဲ့ တိုက်ခိုက်မှုပါ။ ဥပမာ အားဖြင့် ဘရုဖို့စ် နဲ့ တိုက်ခိုက်မယ့် Password သူခိုးက Password ၆လုံးစာ နေရာကို ကို 0 ကနေ 9 အထိ ဖြည့်ကြည့်မယ် ဆိုကြပါစို့။ ပရိုဂရမ်က Password ဖြည့်ရမယ့် နေရာမှာ 0 ကနေ 999999 အတွင်း ရှိသမျှ ဂဏန်းတွေကို အလို အလျောက် ဖြည့်ကြည့်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ password အားလုံးပေါင်းက (106 + 105 + 104 + 103+ 102 + 10)= ၁၁ သန်းကျော် ရှိပါတယ်။ (10 က ဖြစ်နိုင်ခြေ ရှိတဲ့ 0 ကနေ 9 အထိ ဂဏန်း ၁၀ လုံးကို ရည်ညွှန်းပြီး ရှေ့ဆုံးက ပါဝါ 6 ကတော့ ဂဏန်း ၆ လုံးစာနေရာကို ရည်ညွှန်းပါတယ်။) ဒါပေမယ့် ၁၁ သန်းကျော်ဆိုတဲ့ ဂဏန်းကို ကွန်ပြူတာနဲ့ ဖြည့်ကြည့်ဖို့ မိနစ်ပိုင်း ပဲ ကြာပါတယ်။ အကယ်၍ ဂဏန်းချည်း သက်သက်မဟုတ်ပဲ အင်္ဂလိပ်အက္ခရာ စာလုံး အသေး ကိုပါ တွဲဖြည့်မယ် ဆိုရင်တော့ a ကနေ z အထိ အက္ခရာ ၂၆ လုံး ပိုလာပါပြီ။ အက္ခရာ ၃၆ လုံးအတွက် ဖြစ်နိုင်ခြေ ရှိတဲ့ ဂဏန်း အားလုံးပေါင်းက (366 + 365 + 364 + 363+ 362 + 36) = 2.2 ဘီလီယံ ကျော် ရှိပါတယ်။ အဲဒီအတွက် ပရိုဂရမ်ကို Run ရတဲ့ အချိန်က ဂဏန်းချည်း သက်သက် ဖြည့်တာထက် စာရင် အဆ ၂၀၀ ကျော် ပိုကြာပါတယ်။ အင်္ဂလိပ်စာလုံး အကြီးအသေး၊ ဂဏန်းနဲ့ ကီးဘုတ် ပေါ်က ရိုက်ထည့်လို့ရတဲ့ Special Character ၃၂ လုံးကို တွဲဖြည့်မယ် ဆိုရင်တော့ စုစုပေါင်း အက္ခရာ ၉၄လုံး ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ Password က ၆၉၇ ဘီလီယံ ကျော် ရှိပါတယ်။ ဂဏန်း ချည်းသက်သက် ဖြည့်တာထက် စာရင် အဆ ၆သောင်း နီးပါး ပိုကြာပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Password ထဲမှာ အက္ခရာ အကြီးအသေး ဂဏန်း နဲ့ Special Character တွေ တွဲဖြည့်မယ် ဆိုရင် ဘရုဖို့စ် တိုက်ခိုက်မှုက နေ ရှောင်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။ Password အလုံးရေ ၁၂ လုံးထက် ပိုမယ် ဆိုရင် အကောင်းဆုံးပါပဲ။

    Password ကို မကြာခဏ ပြောင်းပါ ဆိုတာလည်း ဒါကြောင့်ပါပဲ။ ကိုယ့်ရဲ့ Password ကို တစ်စုံ တစ်ယောက်က စိတ်ရှည်လက်ရှည်နဲ့ နေ့တိုင်း တိုက်ခိုက်နေမယ် ဆိုရင် တစ်နေ့မဟုတ် တစ်နေ့တော့ ကိုယ့်ရဲ့ Password ကို ဖော်နိုင်မှာပါပဲ။ ဒါကြောင့် Password ကို မကြာခဏ ပြောင်းပေးတာဟာ ပိုပြီး လုံခြုံမှု ရှိစေပါတယ်။

    ဒါပေမယ့် User တွေ အတွက် အဓိက ပြသနာက အဲဒီလို အားကောင်းတဲ့ Password ကို ဘယ်လို မှတ်မိအောင် လုပ်မလဲ ဆိုတဲ့ ပြသနာပါ။ အရိုးအရှင်းဆုံး Password ဖန်တီးနည်းကို အခုလို မှတ်သား ဖူးပါတယ်။ ဂဏန်းတွေ ပါတဲ့ အင်္ဂလိပ် စာကြောင်းတစ်ခုကို မှတ်မိအောင် လုပ်လိုက်ပါ။ ဥပမာ She have 3 cats 2 dogs and he is 5 feet 8 inches tall ဆိုတာမျိုးပါ။ ပြီးရင် ရှေ့ဆုံးစာလုံးတွေကို ယူပါ။ sh3c2dahi5f8it ဆိုပြီး ရပါတယ်။ နာမ်စားတွေကို အင်္ဂလိပ် အက္ခရာ အကြီး ပြောင်းလိုက်ပါ။ ပြီးရင် ကျန်တဲ့စာလုံးတွေမှာ (a = @ , h = # , p = % , s = $ ) စတာမျိုးတွေ အစားထိုးလိုက်ပါ။ အဲဒါဆိုရင် ခုန စာကြောင်းကနေ Sh3c2d@H!5f8!t ဆိုပြီး အလွယ်တကူ ခိုးလို့မရနိုင်တဲ့ Password တစ်ခု ထွက်လာပါလိမ့်မယ်။ မမှတ်မိရင် အင်္ဂလိပ်စာကြောင်းကို ပြန်စဉ်းစားပြီး အစပြန်ဖော်လို့ ရပါတယ်။ ရိုက်ပါများရင် မှတ်မိသွားပါလိမ့်မယ်။

    အဲဒါဆိုရင် မေးစရာ နောက်တစ်ခု ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့ အီးမေးလ်တွေကို ဘရုဖို့စ် တိုက်ခိုက်မှုနဲ့ Password ဖော်လို့ ရသလား ဆိုတာပါ။ ရာဟူး ဂျီမေးလ်စတဲ့ အီးမေးလ်တွေမှာ ဘရုဖို့စ် တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် Catcha လို့ ခေါ်တဲ့ Word Verification ထည့်ထားပါတယ်။ Password ကို ၃ ခါ မှားနှိပ်မိရင် Word Verification ပေါ်လာပြီး Password နဲ့အတူ ကွန်ပြူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ စာလုံးတွေကို ရိုက်ထည့်ပေးရပါတယ်။ အဲဒီ လို ပေါ်လာတဲ့ စာလုံးတွေကို ကွန်ပြူတာ ပရိုဂရမ်နဲ့ အလွယ်တကူ ဖတ်လို့မရတဲ့ အတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်လို့ အလွယ်တကူ မရနိုင်ပါဘူး။ ဒါပေမယ့် ကွန်ပြူတာမှာ Optical Character Recognition လို့ ခေါ်တဲ့ ဖန်သားပြင်ပေါ်က စာလုံးတွေကို ဖတ်လို့ရတဲ့ နည်းပညာလည်း ရှိပါသေးတယ်။ အဲဒါကြောင့် စာလုံးတွေကို အတည့်အတိုင်း မရေးပဲ ရွဲ့စောင်း ရေးထားပြီး Word Verification ကို OCR နည်းပညာကို သုံးပြီး အလွယ်တကူ ဖတ်လို့ မရအောင် လုပ်ထားပါတယ်။ ကျွန်တော်တို့ သုံးနေကျ တစ်ချို့ဝက်ဘ်ဆိုဒ်(လုံခြုံရေး အရ အမည် မဖော်လိုပါ။) တွေမှာ Catcha မပါပါဘူး။ အဲဒီအတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ Password က အားနည်းနေရင် တခြားသူလက်ကို အလွယ်တကူ ရောက်သွားနိုင် ပါတယ်။ အဲဒါကြောင့် ကိုယ်သုံးနေတဲ့ ဝက်ဘ်ဆိုဒ်မှာ Catcha မပါမှန်း သိရင် Password ကို တတ်နိုင်သမျှ အားကောင်းအောင် လုပ်ထားပါလို့ အကြံပေးချင် ပါတယ်။

    Sunday 18 September 2011

    Public ကွန်ပျူတာ အသုံးပြုသူ များ သိထားသင့် သော အချက် 5 ချက်

    PUBLIC ကွန်ပျူတာ များဖြစ်သည့် အများသုံးကွန်ပျူတာ၊စာကြည့်တိုက်၊  အင်တာနက်ဆိုင်၊လေဆိပ်နဲ့ကော် တွင် အသုံးပြုသူများ သိသင့် သော အချက်  5ချက်
      
     1...   Don't save your logon information 
             ကိုယ့်ရဲ့   logon  ကို ကွန်ပျူတာမှာ ဘယ်သောအခါ မှ save မလုပ်သင့်ပါ
              ကိုယ့် password ကို ကွန်ပျုတာ က save မှာလားမေးရင် save မလုပ်ပါနဲ့..
             websites အသုံးပြု ပြီး သွားသော အခါတိုင်း အသုံးပြုသော websites ထဲ ကနေ   logout (or) sign out  အမြဲတမ်း လုပ်ပါ.. ဆက်ပြီးတော့ အသုံးပြုသော browser window ကို မမြဲတမ်း ပိတ်ရန် (သို့မဟုတ်) တခြား websites   တခုခု ကိုရိုက်ထဲ့ ခဲ့ ပါ..
    Program တော်တော်များများ (အထူးသဖြင့် social networking websites, web mail, and instant messenger programs)တို့မှာ automatic login (or) sign in   ဝင်လို့ရအောင်   user name and password ကို သိမ်းပေးထားတဲ့ option လေး ပါ ရှိ လို့ပါ…
       
        2...    အရေးကြီးတဲ့ အချက်အလက်တွေ ကို screen ပေါ်မှာအသုံးပြု စဉ် တခြားနေရာ သို့ မသွားပါနဲ့ ။ ဥပမာ.  အပြင်ထွက်ပြီးဖုန်းပြောတာတို့၊ အပေါ့ အလေးသွားတာ တို့၊ ဆေးလိပ်ထွက်သောက်တာတို့
      မသွားမဖြစ် အရေးကြီးရင်တော့ အသုံးပြု သော websites များ log out (or)sign outလုပ်ခဲ့ပြီး ကိုယ် အသုံးပြုသော windows ကိုပိတ်ခဲ့ ပါ ..

      3... အသုံးပြုသော အချက်အလက် များကို ဖျက်ပြစ်ရန်မမေ့ပါနဲ့..
        Internet Explorer ,Mozilla Firefox   အစရှိသော web browser များမှာ  ကိုယ် က log out လုပ်ပြီးခဲ့သည့် တိုင်    ကိုယ် ရဲ့ password ကို သိမ်းထားပေးခြင်း၊ ကိုယ် ဝင်ကြည့်တဲ့ web page များကို  သိမ်းထားပေးခြင်းတို့ ပါ ရှိပါတယ်. အဲဒီ အတွက်ကြောင့်   အများသုံး ကွန်ပျူတာ အသုံး ပြုပြီး ကိုယ့် ရဲ့ အရေးကြီးသော အချက်အခက်တွေ တို့ password သိမ်းတာတို့ ဝင်ကြည့်ခဲ့ တဲ့ web history တို့ ကို
    အောက် ကပုံလေး တွေ အတိုင်း ပြန် ဖျက်နိုင်ပါတယ်.
      Internet Explorer သုံးတဲ့သူ အတွက် ပေါ့ဗျာ
      3. 1...    Go to  Internet Explorer
           ပြီးရင် Tools  (Gear icon)ပုံလေးကို နှိပ်ပါ >>>>ပြီးရင်ပေါ်ဘေးကပေါ် လာတဲ့  Internet Options          ကိုကလစ်ပါ...  .အောက် ကပုံလေး အတိုင်း ပါ။ 
      
                                              

                                                   
     
       3. 2.    Click the Content tab, and then click Settings, next to AutoComplete.
              အောက် က  ပုံကို ကြည့် ပါ…
                                      

                                        
      
         3.3.   Click to clear the check box for User names on passwords                                                                                                                                                                                                                                                                                                                                                                                    3. 4.   Delete your temporary Internet files and your history
                                       
    အထက်ပါ ပုံ တွေ အတိုင်း လုပ်ဆောင်ပြီးသွားရင် ကိုယ့်ရဲ့ password, web history  နဲ့ တခြား အချက်အလက်တွေကို အတော်လေး ကာကွယ် နိုင်ပါ ပြီ။
        When you finish your use of a public computer, you can help protect your private information by deleting your temporary Internet files. For information on how to delete temporary Internet files see Delete webpage history.

     4....နောက်တချက် က နောက်ကျော ကနေ ခိုးကြည့်တာ ကို သတိထားဖို့ ပါ…  ဟဲဟဲ သတိထားဖို့ပါ..
            ကိုယ် က public ကွန်ပျူတာ ကို သုံးနေစဉ် နောက် ကျော ကနေ တစိမ်း တယောက်ယောက် ချောင်းကြည့် မကြည့် သတိထားပါ..ကိုယ့်ရဲ့ passwords နဲ့ တခြားအချက်အခက်တွေ ကို ခိုးမှတ်သွားနိုင်ပါတယ်...
       

    5.....   နောက်ဆုံး တချက် ကတော့ ကိုယ့်ရဲ့ အရေးကြီး အချက်အလက် တွေကို အများသုံး Public           ကွန် ပျုတာထဲ ထည့်သိမ်း မထားဖို့ပါ..  အချို့သော အများသုံး ကွန်ပျူတာများ သည် ကိုယ် ရိုက် သော စာ မှန်သမျှကို လိုက်မှတ်ပေး နိုင် သော   software များရှိနေနိုင်သည်။      hacker များထည့် သွင်းထားသော key logger software များရှိနေနိုင်သည်။        ထိုကဲ့ သို့ software များ သည် hackerများထံပြန်လည်ပေးပို့ နိုင်စွမ်းရှိသည်။         စိတ်မချလျင် ကိုယ့် ရဲ့ အရေးကြီး အချက်အလက်များကို ထိုကဲ့သို့ အများသုံး  public ကွန်ပျူတာ များတွင် သေချာစီစစ်ပြီးမှ အသုံးပြုပါ၊
                                                                                                                                                                                                                                                                                                                                         Microsoft ရဲ့   5 tip ways to public internet  user ကို ဆီလျော် သလို ပြန်ဆို ထားခြင်း ဖြစ်သည်။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                ရွင်လန်း ချမ်းမြေ့ကြပါစေ...................                                            

    Wednesday 7 September 2011

    Computer keyboard Short cut လေး တွေပါ


     BASIC KEYBOARD SHORTCUT KEYS

    Alt + F File menu options in current program
    Alt + E Edit options in current program
    F1 Universal help (for all programs)
    Ctrl + A Select all text
    Ctrl + X Cut selected item
    Shift + Del Cut selected item
    Ctrl + C Copy selected item
    Ctrl + Ins Copy selected item
    Ctrl + V Paste
    Shift + Ins Paste
    Home Go to beginning of current line
    Ctrl + Home Go to beginning of document
    End Go to end of current line
    Ctrl + End Go to end of document
    Shift + Home Highlight from current position to beginning of line
    Shift + End Highlight from current position to end of line
    Ctrl + f Move one word to the left at a time
    Ctrl + g Move one word to the right at a time



    MICROSOFT® WINDOWS® SHORTCUT KEYS


    Alt + Tab Switch between open applications
    Alt +
    Shift + Tab
    Switch backwards between open
    applications
    Alt + Print
    Screen
    Create screen shot for current program
    Ctrl + Alt + Del Reboot/Windows® task manager
    Ctrl + Esc Bring up start menu
    Alt + Esc Switch between applications on taskbar
    F2 Rename selected icon
    F3 Start find from desktop
    F4 Open the drive selection when browsing
    F5 Refresh contents
    Alt + F4 Close current open program
    Ctrl + F4 Close window in program
    Ctrl + Plus
    Key
    Automatically adjust widths of all columns
    in Windows Explorer
    Alt + Enter Open properties window of selected icon
    or program
    Shift + F10 Simulate right-click on selected item
    Shift + Del Delete programs/files permanently
    Holding Shift
    During Bootup
    Boot safe mode or bypass system files
    Holding Shift
    During Bootup
    When putting in an audio CD, will prevent
    CD Player from playing



    WINKEY SHORTCUTS


    WINKEY + D Bring desktop to the top of other windows
    WINKEY + M Minimize all windows
    WINKEY +
    SHIFT + M
    Undo the minimize done by WINKEY + M
    and WINKEY + D
    WINKEY + E Open Microsoft Explorer
    WINKEY + Tab Cycle through open programs on taskbar
    WINKEY + F Display the Windows® Search/Find feature
    WINKEY +
    CTRL + F
    Display the search for computers window
    WINKEY + F1 Display the Microsoft® Windows® help
    WINKEY + R Open the run window
    WINKEY +
    Pause /Break
    Open the system properties window
    WINKEY + U Open utility manager
    WINKEY + L Lock the computer (Windows XP® & later)

      

    WORD® SHORTCUT KEYS


    Ctrl + A Select all contents of the page
    Ctrl + B Bold highlighted selection
    Ctrl + C Copy selected text
    Ctrl + X Cut selected text
    Ctrl + N Open new/blank document
    Ctrl + O Open options
    Ctrl + P Open the print window
    Ctrl + F Open find box
    Ctrl + I Italicize highlighted selection
    Ctrl + K Insert link
    Ctrl + U Underline highlighted selection
    Ctrl + V Paste
    Ctrl + Y Redo the last action performed
    Ctrl + Z Undo last action
    Ctrl + G Find and replace options
    Ctrl + H Find and replace options
    Ctrl + J Justify paragraph alignment
    Ctrl + L Align selected text or line to the left
    Ctrl + Q Align selected paragraph to the left
    Ctrl + E Align selected text or line to the center
    Ctrl + R Align selected text or line to the right
    Ctrl + M Indent the paragraph
    Ctrl + T Hanging indent
    Ctrl + D Font options
    Ctrl + Shift + F Change the font
    Ctrl + Shift + > Increase selected font +1
    Ctrl + ] Increase selected font +1
    Ctrl + Shift + < Decrease selected font -1
    Ctrl + [ Decrease selected font -1
    Ctrl + Shift + * View or hide non printing characters
    Ctrl + f Move one word to the left
    Ctrl + g Move one word to the right
    Ctrl + h Move to beginning of the line or paragraph
    Ctrl + i Move to the end of the paragraph
    Ctrl + Del Delete word to right of cursor
    Ctrl + Backspace Delete word to left of cursor
    Ctrl + End Move cursor to end of document
    Ctrl + Home Move cursor to beginning of document
    Ctrl + Space Reset highlighted text to default font
    Ctrl + 1 Single-space lines
    Ctrl + 2 Double-space lines
    Ctrl + 5 1.5-line spacing
    Ctrl + Alt + 1 Change text to heading 1
    Ctrl + Alt + 2 Change text to heading 2
    Ctrl + Alt + 3 Change text to heading 3
    F1 Open help
    Shift + F3 Change case of selected text
    Shift + Insert Paste
    F4 Repeat last action performed (Word 2000+)
    F7 Spell check selected text and/or document
    Shift + F7 Activate the thesaurus
    F12 Save as
    Ctrl + S Save
    Shift + F12 Save
    Alt + Shift + D Insert the current date
    Alt + Shift + T Insert the current time
    Ctrl + W Close document



    EXCEL® SHORTCUT KEYS


    F2 Edit the selected cell
    F5 Go to a specific cell
    F7 Spell check selected text and/or document
    F11 Create chart
    Ctrl + Shift + ; Enter the current time
    Ctrl + ; Enter the current date
    Alt + Shift + F1 Insert new worksheet
    Shift + F3 Open the Excel® formula window
    Shift + F5 Bring up search box
    Ctrl + A Select all contents of worksheet
    Ctrl + B Bold highlighted selection
    Ctrl + I Italicize highlighted selection
    Ctrl + C Copy selected text
    Ctrl + V Paste
    Ctrl + D Fill
    Ctrl + K Insert link
    Ctrl + F Open find and replace options
    Ctrl + G Open go-to options
    Ctrl + H Open find and replace options
    Ctrl + U Underline highlighted selection
    Ctrl + Y Underline selected text
    Ctrl + 5 Strikethrough highlighted selection
    Ctrl + O Open options
    Ctrl + N Open new document
    Ctrl + P Open print dialog box
    Ctrl + S Save
    Ctrl + Z Undo last action
    Ctrl + F9 Minimize current window
    Ctrl + F10 Maximize currently selected window
    Ctrl + F6 Switch between open workbooks/windows
    Ctrl + Page up
    & Page Down
    Move between Excel® worksheets in the
    same document
    Ctrl + Tab Move between two or more open Excel® files
    Alt + = Create formula to sum all of above cells
    Ctrl + ‘ Insert value of above cell into current cell
    Ctrl + Shift + ! Format number in comma format
    Ctrl + Shift + $ Format number in currency format
    Ctrl + Shift + # Format number in date format
    Ctrl + Shift + % Format number in percentage format
    Ctrl + Shift + ^ Format number in scientific format
    Ctrl + Shift + @ Format number in time format
    Ctrl + g Move to next section of text
    Ctrl + Space Select entire column
    Shift + Space Select entire row
    Ctrl + W Close document


    OUTLOOK® SHORTCUT KEYS


    Alt + S Send the email
    Ctrl + C Copy selected text
    Ctrl + X Cut selected text
    Ctrl + P Open print dialog box
    Ctrl + K Complete name/email typed in address bar
    Ctrl + B Bold highlighted selection
    Ctrl + I Italicize highlighted selection
    Ctrl + U Underline highlighted selection
    Ctrl + R Reply to an email
    Ctrl + F Forward an email
    Ctrl + N Create a new email
    Ctrl + Shift + A Create a new appointment to your calendar
    Ctrl + Shift + O Open the outbox
    Ctrl + Shift + I Open the inbox
    Ctrl + Shift + K Add a new task
    Ctrl + Shift + C Create a new contact
    Ctrl + Shift+ J Create a new journal entry